Chapter 241 + 242(U)

4.5K 672 52
                                    

" ထောက် ထောက် ထောက် "

ယုပေါ်ယွင် တထောက်ထောက်ခြစ်ပေမဲ့ မီးခြစ်က မီးတောက်သေးသေးလေးတောင် ထွက်မလာတော့ဘူး ။ အစတည်းက ဖင်ကပ်လောက်ပဲ ကျန်တော့တဲ့ Zippo ။ ဒါကြောင့်လည်း ကုဖုန်းက ကျွန်းပတ်ပတ်လည်တလျောက် ခြေဆန့်ပြီး ရသလောက် သစ်ကိုင်းခြောက် ၊ သစ်တိုသစ်စအခြောက်တွေ စုဆောင်းထားတာ ။ ခဲခဲယဉ်းယဉ်းပျိုးထားတဲ့မီးလေး မငြိမ်းသွားစေဖို့ တတ်နိုင်သလောက် ဂရုစိုက်ခဲ့ပေမဲ့ ရာသီဥတုက သူတို့ဘက်မှာ မရှိဘူး ။ နေ့စဉ်ရက်ဆက် ရွာသွန်းနေတဲ့မိုးကြောင့် စုဆောင်းထားတဲ့ သစ်ကိုင်းခြောက်တွေလည်း ကုန်ပြီ ။ မိုးလေးစဲတုန်းခဏ ထွက်ရှာတာတောင် မစိုမခြောက်တွေပဲ ရှာလို့ရတယ် ။

ယုပေါ်ယွင် နှုတ်ခမ်းအစုံဖွေးနေပေမဲ့ နဖူးက တရှိန်ရှိန် ပူလို့ ။ ဆေးဝါးမပါတာကြောင့် ခဏတာငုပ်သွားတဲ့အဖျားက ဥတုရာသီကိုမှီပြီး အငြှိုးတကြီး ပြန်ပေါ်လာခဲ့တယ် ။

ညများစွာက အေးစက်ပြီး စိုစိုစွတ်စွတ် ။

ဆေးဝါးမရှိ ။ အ‌ထောက်အကူမရှိ ။ အနွေးဓာတ်ရရန် မီးတောက်စေဖို့ရာ သစ်သားလေး တစ်စပင် မကျန်တော့ ။

နောက်ဆုံးလက်ကျန်မီးစလေး ငြိမ်းတော့မယ်လို့ ယုပေါ်ယွင် ခံစားနေရတယ် ။

ပဲ့တင်ထပ် ခြေသံတွေက ဂူထဲ လှမ်းဝင်လာတယ် ။ ခြေသံပိုင်ရှင်က အပြင်ထွက်ပြီး သစ်ကိုင်းခြောက်သွားရှာတဲ့ ကုဖုန်း ။

ချစ်သူမျက်နှာကြည့်ရုံနဲ့ ဘာဖြစ်နေလဲ တန်းသိတဲ့ ကုဖုန်းက တစ်ထည်တည်းကျန်တော့တဲ့ ရှပ်အင်္ကျီလေးကိုချွတ်ပြီး မိုးရေသွားစွတ်တယ် ။ ထို့နောက် ရှပ်အစိုကို ယုပေါ်ယွင်နဖူးပေါ်တင်ကာ အပူကျအောင် လုပ်ပေးနေတယ် ။

ကုဖုန်းကိုယ်က လုံးလုံးလျားလျား အဝတ်ကင်းမဲ့လျက် ။ ရေခဲတမျှ အေးစက်တဲ့ မိုးရေတွေလည်း ရွှဲရွှဲစိုလို့ ။ နေဒဏ် ၊ လေဒဏ် ၊ အအေးဒဏ်ကြောင့် ဖြူနုနုအသားက ခြောက်သွေ့ပြီး အက်ကွဲ‌နေပြီ ။

ဒါပေမဲ့ သူ တောင့်ခံထားဆဲ ။

" တောင်းပန်ပါတယ် ကလေးရယ် "
ကုဖုန်းက ယုပေါ်ယွင်နံဘေး ဝင်ထိုင်တယ် ။
" ကိုယ် အတတ်နိုင်ဆုံး ကြိုးစားရှာပေမဲ့ မီးစွဲလောက်အောင်ခြောက်နေတာမျိုး ရှာမတွေ့ခဲ့ဘူး "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now