Chapter 207+208+209+210(Zawgyi)

4.9K 299 16
                                    

Chapter 208 က အပေါ်ရောက်သွားတယ် .. အောက်ဆွဲချပြီး 207 ကို အရင်ဖတ်ပေးနော် .. တင်ပေးချင်လို့သာ ညီမလေးတစ်ယောက်ကို အကူအညီတောင်းပြီး Zawgyi နဲ့ ပို့ခိုင်းပေးတာ .. သူ့ကိုပို့ပေးတည်းက ၂၀၈ က အပေါ်ရောက်သွားတာ .. နည်းနည်းလေး သည်းခံပြီး ဖတ်ပေးနော် .. ပြီးတော့ ကူညီပေးတဲ့ ညီမငယ် @Maylay812 ကိုလည်း ကျေးဇူးအထူးတင်ပါတယ်နော်

ပြီးတော့ Knight Love Letter နဲ့ စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်းကို We Assists App လေးမှာ တင်ပေးထားပါတယ် .. အဲ့မှာ တခြား ဘာသာပြန်ကောင်းလေးတွေလည်းရှိပါတယ် .. ဝင်ဖတ်ပေးရင်းနဲ့ Kalay PDF ကို ပါဝင်ကူညီပေးလို့ရပါတယ်နော်

 ဝင်ဖတ်ပေးရင်းနဲ့ Kalay PDF ကို ပါဝင်ကူညီပေးလို့ရပါတယ်နော်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Chapter 208

ရှောင်းဝူတန်က ဆိုင်ရဲ့ overalls* ကိုဝတ်ပြီး ယုပေါ်ယွင်ရှေ့မှာ ရပ်လိုက်တယ် ။

သူ့‌ဆံပင်တွေက မသပ်မရပ်နဲ့ အနည်းငယ် ရှုပ်ပွကာ ဖရိုဖရဲဖြစ်နေတယ် ။ သေသေချာချာ ဖြီးသင်ထားပုံ မပေါ်ဘူး ။ အရောင်တင်ထားလေ့ရှိတဲ့ လက်သည်းတွေကိုလည်း ချွတ်ဆေးသုံးပြီး ဖျက်ထားတာ အချိန်အတော်ကြာတည်းက ။ မျက်နှာမှာလည်း ဘာမှလိမ်းခြယ်မထားတဲ့ပုံ ။

ယုပေါ်ယွင်က ဒီလိုပုံနဲ့ ရှောင်းဝူတန်ကိုကြည့်ပြီး မြင်နေကျနဲ့ကွဲပြားနေတာကြောင့် တစ်မျိုးကြီးခံစားလိုက်ရတယ်။

ဟိဟွေ့နဲ့ တခြားလူတွေက ယုပေါ်ယွင်ကို အချက်ပြပြီး ညစာစားရန် မီးဖိုဆောင်ထဲ ဝင်သွားကြတယ် ။

ရှောင်းဝူတန်က ယုပေါ်ယွင်အနားထိလျှောက်လာပြီး ဦးညွတ်ကာ မဝံ့မရဲ ဆိုလိုက်တယ် ။

" ဟယ်လို "

သူ့မှာ အရင်လို မောက်မာခြင်းတွေ မရှိတော့ဘူး ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now