Chapter 268

3K 453 15
                                    

ကုဖုန်းက အရှက်မဲ့စွာနဲ့ ယုပေါ်ယွင်ကို ကိုယ်ဖိရင်ဖိ ဖိထားရင်း

" တစ်ခါလောက် ခေါ်ကြည့်ပါကွာနော် .. မင်းချစ်ရတဲ့ မင်း ယောက်ျားပဲလေ ..ဘာလဲ  မခေါ်ရဲလို့လား "

"အဲ့လောက် အခေါ်ခံချင်နေရင် တခြားဘယ်သူဖြစ်ဖြစ် သွားခေါ်ခိုင်းလိုက် .. ကျွန်တော်ကတော့ မခေါ်ဘူး "
ယုပေါ်ယွင် နှာမှုတ်ကာ ဆိုတယ် ။

" မဟုတ်တာ ဘေဘီရာ .. ကိုယ်အခေါ်ခံချင်တာ ဘေဘီ့ဆီက .. ကိုယ့်ကို လောင်ကုန်းလို့ ခေါ်ခွင့်ရှိသူကလည်း ဘေဘီတစ်ယောက်တည်းပဲ "

ပြောနေရင်း ကုဖုန်း နှုတ်ခမ်းစွန်းလေး ကော့တက်သွားတယ် ။ သူ့ မျက်လုံးအစုံက ပြင်းပြင်းပျပျ ပိုင်စိုးလိုစိတ်တွေနဲ့ မီးဟုန်းဟုန်းတောက်လို့ ။

" မတတ်နိုင်ဘူးလေ , မင်းက မခေါ်ချင်မှတော့ မင်းငိုအောင်ပဲ ကိုယ် လုပ်ရတော့မှာပေါ့ "

ကုဖုန်းရဲ့ ကြမ်းရမ်းမှုတွေကို ယုပေါ်ယွင် မခံနိုင်တော့တာကြောင့် အကြိမ်အနည်းငယ် ရုန်းလိုက်တယ် ။ ဒါပေမဲ့ အချည်းနှီးပဲ ။ ကုဖုန်းက သူ့ကိုယ်ကို မလှုပ်နိုင်အောင် ဖိချုပ်ပြီး အဆက်မပြတ် ဝင်ထွက်နေတယ် ။ ယုပေါ်ယွင်ခမျာ အသံလေးတောင် မထွက်နိုင်တော့ဘူး ။

ပထမတစ်ခေါက် တိုက်ပွဲပြီးသွားချိန်မှာ သူတို့နှစ်ယောက်လုံး အဝတ်မကပ်ဘဲ လှဲနေကြတာ ။ အဲ့ဒါကြောင့်လည်း ကျားချောင်းချောင်းနေတဲ့ ကျားငစင်းလဲကြီး ကုဖုန်းအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားတာ ။ ကံဆိုးရှာတဲ့ ယုပေါ်ယွင်ကတော့ ကျားရှေ့မှောက်လျက်လဲတဲ့ သမင်ပျိုလေး ။

" ခေါ်မလား မခေါ်ဘူးလား "
ကုဖုန်းက ယုပေါ်ယွင်ရဲ့ နားရွက်ထိပ်ရဲရဲလေးကို အသာဖိကိုက်ပြီး
" ဒါမှမဟုတ် အခွင့်အရေး နောက်တစ်ခု ထပ်ပေးရမလား "

ယုပေါ်ယွင် ဒေါသတွေနဲ့ အံတကြိတ်ကြိတ် ။

ဒီယောက်ျားက သာမန်အချိန်တွေဆို တကယ့် သစ္စာရှိခွေးကြီးနဲ့တူပြီး ပြီးပြည့်စုံလွန်းတဲ့ အိမ်ဦးနတ်တစ်ပါး ။

ဒါပေမဲ့ အိပ်ရာထဲမှာ ဆိုရင်တော့ ....။

သူတို့ ချစ်ကျွမ်းဝင်လာတဲ့ နှစ်သက်တမ်းက မနည်းတော့ဘူးဆိုပေမဲ့ ဒီလူကတော့ အိပ်ရာထဲမှာဆို ပိုပိုပြီး နိုင်ထက်စီးနင်းဆန်လာမယ်လို့ သူ မထင်ထားခဲ့ဘူး ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now