Chapter 211

5.5K 946 22
                                    

ကုဖုန်းက သား နဲ့ ဇနီးကိုခေါ်ပြီး အိမ်တော်ကို ပြန်လာခဲ့တယ် ။

တစ်နေ့တာလုံး စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရတဲ့ ယုပေါ်ယွင်ကတော့ လှုပ်တောင်မလှုပ်ချင်တော့ဘူး ။ ရေနွေးနွေးလေးချိုးပြီး အိပ်ရာထဲ ဒိုက်ဗင်ထိုးချင်တာပဲ သိတော့တယ် ။ သူ့မျက်လုံးတွေက ပိုပိုကောင်းလာပြီး ပစ္စည်းတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ ။ ခလုတ်တိုက်လဲမှာလည်း မပူရတော့ဘူး ။ သူ့ဘာသာ ရေချိုးလို့ရပြီ ။ ဒါကြောင့် သူ့ကို ရေချိုးပေးချင်လို့ အတင်းတွေ တွယ်ကပ်နေသူကြီးကို ရေချိုးခန်းအပြင် တွန်းထုတ်ပြီး တံခါးကို ဘန်းခနဲ ပိတ်ပစ်လိုက်ရတယ် ။

ရေချိုးပြီး သူ အပြင်ထွက်လာတော့ တိတ်ဆိတ်တဲ့အိပ်ခန်းထဲမှာ ကုဖုန်းတစ်ယောက် ကုကျားယွဲ့လေးနဲ့ ဆော့နေတာ မြင်လိုက်ရတယ် ။

တစ်နည်းပြောရရင်တော့ ဘာမှမခုခံနိုင်တဲ့ ကုကျားယွဲ့လေးက တစ်ဖက်သတ်ကြီး ဒင်းပြုသမျှ နုနေရခြင်း ။

အဲ့ဒီလူက ယွဲ့ယွဲ့လက်ကလေးတွေကိုကိုင်ပြီး ငှက်ကလေးများလို အောက်ချလိုက် အပေါ်မြှောက်လိုက် လုပ်နေပြီး ယွဲ့ယွဲ့ခေါင်းလေးက ဟိုဒီရမ်းနေတယ် ။ ခဏကြာတော့ သူ့အပြုအမူက သူ့သားလေးကို မဆွဲဆောင်နိုင်မှန်းလည်းသိရော ကုဖုန်းက လက်လေးတွေပြန်ချပေးပြီး ဝဝကစ်ကစ်ခြေသလုံးလေးနှစ်ဖက်ကိုမ,ကာ စေ့စေ့စပ်စပ် လေ့လာစူးစမ်းလေတော့တယ် ။

ကုပေါက်ကြီး နဲ့ ကုပေါက်လေးမှာ ဘယ်တစ်'ကု'က ပိုပြီးတုံးအပါလိမ့် ?!

မနေနိုင်စွာ ယုပေါ်ယွင် တွေးလိုက်မိတယ် ။

ထို့နောက် ယုပေါ်ယွင် နှစ်ချက်ခန့် ချောင်းဟန့်လိုက်တယ် ။

" အဟမ်း အဟမ်း !"

အိပ်ခန်းထဲမှ တိတ်ဆိတ်မှုက သူ့ချောင်းဟန့်သံကြောင့် ပြိုကွဲသွားရလေတယ် ။

ကုဖုန်းက ကလေးကိုအောက်ချပြီး အပြုံးမျက်နှာနဲ့ ယုပေါ်ယွင်ဘေးကို ချက်ချင်းပဲ ရောက်ချလာတယ် ။

" မင်း ရေချိုးလို့ပြီးပြီလား "

" အင်း "

ယုပေါ်ယွင် ကလေးပုခက်နား လျှောက်သွားကာ အရည်လဲ့နေသော မျက်ဝန်းများနဲ့ ကြည့်လိုက်တယ် ။ သူ့မျက်ဝန်းတွေထဲမှာ ရန်လိုရိပ်လေး အနည်းငယ် ယှက်သန်းနေဆဲ ။  'ခင်ဗျားက ခင်ဗျားကလေးကို အရသာခံနေတယ်ပေါ့ ' လို့ မပြောရုံတမယ်ပဲ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now