Chapter 173

7K 1.4K 50
                                    

အဲ့ဒီနေ့ကစပြီး ယုပေါ်ယွင် ငြိမ်သက်တိတ်ဆိတ်သွားတယ် ။ တစ်နေ့ထက်တစ်နေ့ စိတ်ဖိဆီးမှုတွေလည်း ပိုများလာတယ် ။

တစ်ခါတစ်လေ ကုကျားယွဲ့လေးကိုချီပြီး စိတ်နဲ့လူနဲ့မကပ်ဘဲ မျက်လုံးတွေသာဖွင့်ထားတယ် ဘာမှလည်း မြင်ပုံမပေါ်ဘူး ။ ဗလာသက်သက်မျက်လုံးလေးတွေက အဖြေပဲ ။

တစ်ခါတစ်လေ ပြတင်းပေါက်မှန်ကတဆင့် ကောင်းကင်ကြီးကို သတိလက်လွတ်နဲ့ အချိန်တွေအကြာကြီး မော့ကြည့်နေတတ်တယ် ။ အသက်ကင်းမဲ့နေသူလို မိုးတိမ်ထူတဲ့နေ့လည်း မော့ကြည့် ၊ နေသာတဲ့နေ့လည်းမော့ကြည့်နေပေမယ့် နေသာလား မိုးရွာလားလည်း သူ မသိဘူး ။ မလှုပ်မယှက်နဲ့ တောင့်တောင့်ကြီးရပ်ပြီး ငေးမော့ကြည့်နေခဲ့တာ ။

သေချာတာပေါ့ ။ ကုဖုန်း အရမ်းကို စိုးရိမ်နေမိပြီ ။ ဒါပေမယ့် ဘာဖြစ်နေလဲဆိုတာ ယုပေါ်ယွင်ကို သူ ရှင်းရှင်းလင်းလင်းမမေးရဲဘူး ။ သူ မေးလိုက်ခါမှ ယုပေါ်ယွင်ရဲ့ ဝမ်းနည်းနာကျင်မှုတွေကို ပုတ်နှိုးလိုက်သလိုဖြစ်မှာ ကြောက်ရွံနေတယ် ။ ဘာလုပ်ရမှန်းလည်း သူ တကယ်ကို မသိတော့ဘူး ။

ရွေးချယ်စရာမရှိတဲ့နောက် ပိုင်ရှီရှန်းနဲ့ လုရန်ကိုခေါ်ပြီး တစ်ယောက်တစ်လှည့် မေးခိုင်းပေမယ့် ဘာအဖြေမှမရခဲ့ဘူး ။ နောက်ဆုံးတော့ သူ့အ‌တွေးထဲ ပေါ်လာတာက တုဟိန် ။

ဟုတ်တယ် ။ ကလေးထိန်းကျောင်းပျိုးထောင်ရေးသင်တန်းမှာ တုဟိန်နဲ့ တွေ့ပြီးနောက်မှ ယုပေါ်ယွင် ဒီလိုဖြစ်သွားခဲ့တာ ။ အဲ့ဒါကြောင့် သူက အလွှာပေါင်းစုံကနေတစ်ဆင့် တစ်စုံတစ်ယောက်ကို ရှာဖွေခဲ့ရတယ် ။

(တုဟိန်ရော လုရန်ရောက ယုပေါ်ယွင်နဲ့ အထက်တန်းကျောင်းတည်းက သူငယ်ချင်းဆိုပေမယ့် လုရန်က သူတို့နဲ့ ကျောင်းချင်းမတူဘူး..လုရန်နဲ့က အွန်လိုင်းမှာ chat ကြရင်း ဂေး ဂေးချင်း ချိတ်မိပြီး ခင်သွားကြတာ..မသိရင် အောက်ပုဂ္ဂိုလ်နှစ်ယောက် အသည်းတွေဟက်တက်ကွဲတဲ့နေ့ကို ပြန်ဖတ်ပါရှင့် )

မေးမြန်းစုံစမ်းပြီးနောက်မှာ ယုပေါ်ယွင် ဘာဖြစ်နေလဲဆိုတာ သူ သိလိုက်ရတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now