Chapter 204

6.2K 1.1K 32
                                    

ကုဖုန်းက ဖုန်းကိုကိုင်လျက် မှန်ပြတင်းချပ်ကြီးရှေ့မှာ ရပ်နေတယ် ။ ခဏကြာမှ ယုပေါ်ယွင် ငှားနေတဲ့ အိပ်ခန်းထဲ လျှောက်ဝင်သွားတယ် ။

(T/N သူတို့က အိမ်ပြန်ရောက်နေပြီနော် )

ယုပေါ်ယွင်လေးက သီချင်းနားထောင်နေဆဲပဲ ။ ခွဲစိတ်ပြီးနောက် အကြိတ်ကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့တယ် ။ ပါရဂူကြီး နောက်ဆုံးအကြိမ် စစ်ဆေးပြီး ရလာတဲ့ ရလာဒ်ကလည်း ကျေနပ်စရာ ။ အမြင်အာရုံ ပြန်ကောင်းလာတာလည်း အရမ်းမြန်တယ် ။  တစ်ပတ်အတွင်းမှာတင် မခွဲစိတ်ခင်က ဝါးတားတားအ‌ခြေအနေထက် အများကြီး ပိုကောင်းလာတယ် ။ ခုဆိုရင် တချို့အရာလေးတွေကို ပြတ်ပြတ်ထင်ထင်မြင်နေရပြီ ။

ဒါပေမယ့် ယုပေါ်ယွင်က ပျော်မနေဘူး ။ ဒီရက်ပိုင်းတွေမှာ စိတ်ဓာတ်ကျသလို ဖြစ်နေတာ ကုဖုန်း သတိထားမိတယ် ။

အထူးသဖြင့်... တစ်နေ့ထက်တစ်နေ့ လှုပ်ရှားရမှာ အရမ်းပျင်းရိလာတယ် ။ တစ်ခါတလေ နံရံကို မှီထိုင်ပြီး မလှုပ်မယှက်နဲ့ တစ်နေရာတည်းကို ပေါက်ထွက်မတတ် စူးစူးကြီးစိုက်ကြည့်နေတတ်တယ် ။သူ စိတ်ပျော်စေမယ့် သီချင်းလေးတွေ ပြောင်းပေးလည်း ဝမ်းနည်းမြဲ စိတ်ဓာတ်ကျနေမြဲပဲ ။

ပထမတော့ ကုဖုန်း ပျာယာခတ်လောက်အောင် စိတ်ပူသွားခဲ့တာ ။ ခွဲစိတ်ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်သွားတယ် ထင်မိပြီး ခြေမကိုင်မိ လက်မကိုင်မိနဲ့ ။ ဆေးစစ်ချက်ရလာဒ်တွေအားလုံးကောင်းနေပါလျက်နဲ့ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ သူ ရှာလိုက်တော့မှ မကြာခင်မှာ ယုပေါ်ယွင်အမေ သေဆုံးတဲ့ နှစ်ပတ်လည်ရက် ရောက်တော့မှာ သိလိုက်ရတယ် ။

ကုဖုန်းက ယုပေါ်ယွင်နံဘေးမှာ ဝင်ထိုင်ပြီး နားကြပ်ကိုချွတ်ကာ ပြောလိုက်တယ် ။

" ပေါ်ယွင် ကိုယ် မင်းကို အိမ်နားက ပန်းခြံလေးထဲ ခေါ်သွားပေးမယ်နော် "

ယုပေါ်ယွင် မပျော်မရွှင်ဖြစ်နေရတဲ့ အကြောင်းရင်းကိုသိပြီးတည်းက စိတ်ဓာတ်ကျနေတာကို ဘယ်လိုနည်းနဲ့ ဖြေရှင်းပေးရမလဲ ကုဖုန်း တွေးနေခဲ့တာ ။ သူက ချစ်ရသူလေးကို ပျော်ရွှင်စေချင်တယ် ။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တည်းက ယုပေါ်ယွင် စိတ်အပန်းပြေစေရန် ဈေးဝယ်ထွက်ဖို့ ခေါ်သွားပေးချင်ပေမယ့် ပြောရမှာတွန့်ဆုတ်နေခဲ့တာ ။ ခုက တုံ့ပြန်မှု သိပ်မဆိုးလှဘူး ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now