Chapter 203

5.6K 1K 41
                                    

ကလေးချီကာ ကုဖုန်း အပြင်ထွက်လာပြီး ခဏအကြာ... သူ့လက်ထဲက ချစ်စရာ သကောင့်သားလေး နိုးလာပြီး ယက်ကန်ယက်ကန်နဲ့ စငိုဝောာ့တာပဲ ။

ကုဖုန်းက နို့ဗူးထဲကနို့ကို သူ့လက်ဖမိုးပေါ် အစက်ချကာ ပူ,မပူစမ်းပြီးနောက် ကျွမ်းကျင်ပိုင်နိုင်လှစွာဖြင့် သားဖြစ်သူကို နို့ဗူးတိုက်ကျွေးလိုက်တယ် ။

ဗိုက်ဆာနေတဲ့ ကုပေါက်လေးက တပြွတ်ပြွတ်နဲ့ အငမ်းမရစို့တော့တယ် ။ ကုဖုန်းက သားတော်မောင်ကို နို့တိုက်ကျွေးပြီးနောက် ဗိုက်ဝလို့ ငြိမ်သွားတဲ့အထိ စောင့်ကြည့်နေခဲ့တယ် ။

ကျားယွဲ့လေးက နေ့စဉ်ကမ္ဘာကြီးကို စူးစမ်းလေ့လာတတ်နေပြီ ။ သူ့ရဲ့မျက်လုံးဝိုင်းကြီးတွေနဲ့ ဒယ်ဒီဖြစ်သူကို အလွတ်မပေးဘဲ ငြိမ်ငြိမ်လေး စူးစမ်းရေးဆင်းနေတယ် ။ ထိုအခါမှ ကုဖုန်းလည်း စိတ်သက်သာရာရသွားတယ် ။

ထို့နောက် တစ်ခုခုတွေးမိပြီး ဖုန်းထုတ်ကာ အန်နာ့ကို ခေါ်လိုက်တယ် ။

အန်နာက လျင်မြန်စွာပဲ ဖုန်းကိုင်ပြီး

" ဥက္ကဌ ကု ?"

" အန်နာ "

ကုဖုန်း သေချာစဉ်းစားပြီးနောက် ပြောလိုက်တယ် ။

" လတ်တလောမှာ ရှင်ရှင်းရှန့်ကုမ္ပဏီရဲ့ အ‌ခြေအနေကို အနီးကပ် လေ့လာပါ .. သင့်တော်မယ်ဆိုရင် သူတို့ရဲ့ ရှယ်ယာအမြောက်အများကို ဝယ်ဖို့ စဉ်းစားထား .. သတ်မှတ်ထားတဲ့ အစုရှယ်ယာကို ကျော်သွားတာနဲ့ သူတို့ကုမ္ပဏီက ငါတို့ကုမ္ပဏီခွဲတွေနဲ့အတူ စက်မှုလုပ်ငန်းတစ်ခုထဲကို နေရာဝင်ယူပြီး ဈေးမြင့်မြင့်နဲ့ ရောင်းချလာလိမ့်မယ် "

ဥက္ကဌကောင်းက အရင်ချိန်တုန်းကဆိုရင် ယုပေါ်ယွင်ကို တွေ့တဲ့နေရာမှာ အနိုင်ကျင့်နေကျ  ။ ဒီလူနဲ့ သူ စာရင်း ရှင်းကိုရှင်းရမယ် ။

ချစ်ရတဲ့ လူသားလေးအတွက် ဘယ်သူ့မျက်နှာမှ ထပ်ကြည့်တော့မှာ မဟုတ်ဘူး ။ စီးပွားရေးလောကမှလူတိုင်းက အားနည်းချက်တွေကို သန်မာတဲ့မျက်နှာအောက်မှာ သိုဝှက်ထားပြီး အဲ့ဒါက အလွန်အမင်းကို သာမာန်ဆန်နေစေတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now