Chapter 190

6.9K 1.2K 28
                                    

ကုဖုန်း ကုမ္ပဏီအလုပ်တွေပြီးနောက် ဆေးရုံကိုပြန်လာခဲ့တယ် ။

ယုပေါ်ယွင်အခန်းရှိရာအထပ်ကိုရောက်ချိန်မှာ သူ အံ့ဩသွားတယ် ။ အဲ့ဒီမှာ လူတွေအများကြီးပဲ ။ သူတို့က ဆေးရုံကလူနာတွေလည်းမဟုတ်သလို လူနာတွေရဲ့ မိသားစုဆွေမျိုးတွေလည်းမဟုတ်ဘူး ။ တစ်ခါမှမမြင်ဖူးတဲ့ လူစိမ်းတွေ ။

သူ့စိတ်တွေ တင်းကြပ်သွားပြီး လမ်းလျှောက်နှုန်းကိုမြှင့်ကာ ယုပေါ်ယွင်ထံ မပြေးရုံတမယ် လျှောက်သွားလိုက်တယ် ။

ယုပေါ်ယွင်အခန်းတံခါးဝမှာ လူနှစ်ယောက်ရပ်နေပြီး ဗလတောင့်တောင့် ကိုယ်ဟန်မတ်မတ်နဲ့ အားကောင်းမောင်းသန် သူတို့ဟာ ပရော်ဖက်ရှင်နယ်လေ့ကျင်းရေးဆင်းတွေဆိုတာ မပြောဘဲလည်း သိနိုင်တယ် ။

သို့သော်လည်း သူတို့နှစ်ယောက်က ကုဖုန်းကိုမြင်‌လိုက်တဲ့အခါ ကိုယ်ကိုညွှတ်ပြီး နှုတ်ဆက်လိုက်တယ် ။

" ဟယ်လို ဥက္ကဌ ကု "

ထိုလူနှစ်ယောက်ကို ‌ခဏလောက် သေချာအကဲခတ်ပြီး နောက်ဆုံးတော့မှ ကုဖုန်း မေးလိုက်တယ် ။

" မင်းတို့က ဘာလို့ဒီရောက်နေတာလဲ ..ဘာလာလုပ်တာလဲ "

" သခင်မကြီးက ယု သခင်လေးကို လာ‌ကြည့်တာပါ "

တစ်ယောက်က ခေါင်းညိတ်ကာ အနူးညံ့နိုင်ဆုံးလေသံနဲ့ ဆိုတယ် ။

" ကျွန်ဝောာ်တို့ရောက်တာ ဆယ်မိနစ်ပဲ ရှိပါသေးတယ် "

"ငါ့အမေ ?"

ထိုလူတွေက တံခါးဖွင့်ပေးကာ

" သခင်လေး ကု အထဲဝင်ပါခင်ဗျ "

ကုဖုန်း စိတ်ရှုပ်ထွေးစွာနဲ့ အခန်းထဲ လျှောက်ဝင်လာခဲ့တယ် ။

အခန်းထဲမှာ ယုပေါ်ယွင်က ခုတင်ထက်လဲလျောင်းနေတယ် ။ သူက ဆေးသောက်ပြီးတာတောင် မအိပ်သေးဘဲ ရှိနေတုန်း ။ သူ့မျက်နှာလေးထက်မှာတော့ နူးနူးညံ့ညံ့အပြုံးလေးတစ်ပွင့် ခိုတွဲလို့ ။ အဲ့ဒီလူသားလေးက ကောင်းကောင်းမမြင်နိုင်တာတောင် သူ့အပြုံးလေးနဲ့ လူတွေကို စိတ်ခံစားချက်ကောင်းအောင် လုပ်ပေးနိုင်တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now