Chapter 246 +247+248 (U)

4.4K 685 49
                                    

Chapter 246

ချွေးစို့နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ကလေးလေးတစ်ယောက်ချီကာ ဆေးရုံသီးသန့်ဆောင်ထဲ ဝင်လာလေတယ် ။

" မစ္စတာ မန့် , သခင်လေး ပိုင် , ကျွန်မ ကုသခင်လေးကို ခေါ်လာပါပြီ "

သူမစကားကြားလိုက်တဲ့ ယုပေါ်ယွင်ဟာ ရင်ထဲနွေးခနဲဖြစ်ကာ အိပ်နေရာမှ ဆတ်ခနဲ ကုန်းထပြီး ဆိုတယ် ။

" သားလေး !!! ကျွန်တော့်ဆီ ပေးပါ "

သူမက အတည်ပြုလိုဟန်နဲ့ မန့်လုံကိုတစ်ချက်ကြည့်ပြီး မန့်လုံခေါင်းညိတ်ပြလိုက်မှ  ကုပေါက်လေးကို ယုပေါ်ယွင်လက်ထဲ ယုံယုံကြည်ကြည် ထည့်ပေးလိုက်တယ် ။

ယုပေါ်ယွင်က အလျင်စလို လက်လှမ်းပြီး သားဖြစ်သူကို ရင်ခွင်ထဲ နစ်နေအောင် ပွေ့ချီလိုက်တယ် ။

ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလို့ ထင်ထားခဲ့တဲ့ အနွေးဓာတ်လေး ။ ထွေးပွေ့ကာ ချော့မြူခွင့်လေး ။

ဒီသားလေးက သူ့ဘဝ သူ့အသက် သူ့ရတနာလေး ။ ဘာနဲ့မှ မလဲနိုင်တဲ့ အဖိုးတန်လေး ။

ကျွန်းငယ်လေးပေါ်ရောက်နေချိန်မှာ သူ အချိန်ပြည့်တွေးနေမိတာက သူ့သားလေးအကြောင်းချည်းပဲ ။ သားလေး ငိုနေမလား , နေမကောင်းဖြစ်နေလေမလား , နို့ဗူးရော အချိန်မှန် သောက်ရပါ့မလား အစရှိသဖြင့်ပေါ့ ။

နောက်ဆုံးအချိန်လို့ မှတ်ယူပြီး စိတ်ဒုန်းဒုန်းချလိုက်စဉ်မှာ သူ ရင်အနာရဆုံးက သူ့သားလေးကို ရင်အုပ်မကွာ စောင့်ရှောက်မပေးနိုင်တော့တာကိုပဲ ။

ယုပေါ်ယွင်ဟာ အဖိုးထိုက်တန်ဆုံး ရတနာလေးတစ်ပါးလို သားလေးရဲ့ တစ်မျက်နှာလုံးကို အထပ်ထပ်အခါခါ မွှေးကြူနေတော့တယ် ။

အဲ့ချိန်က ကုပေါက်စလေး နိုးနေချိန် ။ သူလေးက ဖခင်လက်ထဲရောက်ရောက်ချင်း ဝိုင်းစက်တဲ့ မျက်ဆန်နက်ကြီးတွေနဲ့ သူ့အဖေမျက်နှာကို ငေးစိုက်ကြည့်နေတယ် ။ ပြီးတော့ ဖောင်းတစ်တစ်လက်အိအိလေးတွေ ဆန့်ထုတ်ပြီး တအိအိ တအဲ့အဲ့နဲ့ အသံပိစိလေးထွက်ကာ စကားတွေဆိုတော့တာပဲ ။

သူလေးလည်း လွမ်းနေရှာမှာပေါ့ ။

အထူးကြပ်မတ်ဆောင်တစ်ခုလုံး အနွေးဓာတ် ခြုံလွှမ်းလို့ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now