Chapter 219+220(U)

6.8K 887 29
                                    

အခုကုဖုန်းက အရင်ကုဖုန်း မဟုတ်ပါတော့ဘူး ။ ယုပေါ်ယွင်ကို ဘာတစ်ခုမှ ဖုံးကွယ်သိုဝှက်ထားစရာ မရှိဘူး ။

" အရင်က ခင်ဗျား , ချန်းလင်လင်းနဲ့ sex လုပ်ခဲ့လား "

ယုပေါ်ယွင်ရဲ့မေးခွန်းက ကျည်ဆန်တစ်တောင့်လိုပဲ ကုဖုန်းရင်ဘတ်ကို တည့်တည့်မှန်တယ် ။

ကုဖုန်းခေါင်းရမ်းကာ ဖြေတယ် ။

" မလုပ်ခဲ့ဘူး "

" ခင်ဗျား အဲ့ဒီအချိန်တွေတုန်းက ငတုံးတစ်ယောက်လို အတော်‌လေး မွှန်နေခဲ့တာလေ .. သူနဲ့အတူ နှစ်သစ်ကူးပွဲတော်ကျင်းပချင်လို့ဆိုပြီး လော့စ်အိန်ဂျလိစ်ကိုတောင် တကူးတကသွားခဲ့တယ် .. အဲ့ဒီညက ခင်ဗျား ဟိုတယ်မှာ မတည်း.........."

" ကိုယ် မင်းကို မလိမ်ပါဘူး "

ကုဖုန်းက ယုပေါ်ယွင်ကို ထွေးဖက်ထားပြီး စောင်အောက်မှာ ခန္ဓာကိုယ်နှစ်ခုက လုံလောက်စွာနီးကပ်နေကာ တစ်ယောက်ရင်ခုန်သံကို တစ်ယောက်ပြန်ကြားနေရတယ် ။

" ချန်းလင်လင်းရဲ့ အတွေးတွေကို ကိုယ်သိပါတယ် .. သူက အပြောင်းအလဲမရှိတဲ့လူလေ .. ကိုယ် သူနဲ့ မဖြစ်ခဲ့ပါဘူး .. မှန်သောစကားပါ ..ကိုယ် နည်းနည်းလေး စဉ်းစားဉာဏ်မဲ့သွားရုံပါ .. ကိုယ် အများဆုံးလုပ်ခဲ့တာဆိုလို့ အနမ်းဖလှယ်ခဲ့ရုံပဲ "

ယုပေါ်ယွင် ခေါင်းညိတ်တယ် ။

" အိုခေ ! လိမ်တာဆိုလည်း ဘယ်တော့မှ မပေါ်စေနဲ့ .. ရှေ့ကဖုံး နောက်ကပေါ်ဆိုသလို အမှန်တရားက ဘွားခနဲပေါ်လာတဲ့အခါ ကျွန်ဝောာ်က အထုပ်ဆွဲ ကလေးပါခေါ်ပြီး ထွက်သွားရုံပေါ့ "

" အားလုံးအမှန်တွေပါ "
ကုဖုန်းက သူ့ခေါင်းကို ယုပေါ်ယွင်လည်ပင်းကြား မြှုပ်ထားရင်း
" ကိုယ် မင်းမှ တစ်လုံးမှ ညာမပြောခဲ့ဘူး .. အဲ့ဒါ အမှန်ပဲ "

ယုပေါ်ယွင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ် ။

" ဒါဆို ကျွန်တော့်ဗိုက်ထဲမှာ ခင်ဗျားကလေးရှိတယ်လို့ သိရတဲ့အချိန်တုန်းကရော ခင်ဗျားမသိစိတ်ထဲမှာ ဘယ်လိုတွေးမိလဲ ကျွန်တော့်ကို ပြောပြ ..ခင်ဗျား တာဝန်ယူရမှာကြောက်လား .. အဲ့ဒါက ခင်ဗျားအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု .........."

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now