Chapter 261

3.1K 424 36
                                    

ကုဖုန်းနိုးလာတော့ ယုပေါ်ယွင်က သူ့နံဘေးမှာ အိပ်ပျော်နေတုန်းပဲ ။

သူ အသံမထွက်အောင် အိပ်ရာထဲကထွက်ပြီး ရေချိုးခန်းထဲဝင်ကာ ရေချိုး ၊ အဝတ်အစားလဲတယ် ။

အိပ်ပျော်နေဆဲဖြစ်တဲ့ ချစ်ခင်ပွန်းလေးကိုကြည့်ပြီး ကုဖုန်း မနမ်းဘဲ မနေနိုင်ခဲ့ဘူး ။ ပါးပြင်လေးကို ငုံ့နမ်းလိုက်ချိန် ယုပေါ်ယွင် နိုးလာခဲ့တယ် ။

ကြည်နူးချမ်းမြေ့ဖွယ် ကောင်းလေစွ !

ကမ္ဘာကြီးကို အပိုင်စားရလိုက်တယ်ဆိုတာ ဒီလိုခံစားချက်မျိုးပဲ !

" ထတော့ ကလေးလေး "
ကုဖုန်းက ယုပေါ်ယွင်လည်တိုင်လေးကို မသိမသာခိုးနမ်းပြန်တယ် ။
" မင်းယောက်ျားက မင်းကို ဆိုင်ပို့ပေးပြီး ကုမ္ပဏီတန်းသွားမလို့ "

" အင်း "
ယုပေါ်ယွင်က အိပ်ချင်စိတ်မပြေသေးတဲ့မျက်ဝန်းလေးတွေနဲ့ ခေါင်းညိတ်ပြီး ထလိုက်တယ် ။

ကုဖုန်းက ပထမထပ်ကိုဆင်းလာပြီး ထမင်းစားခန်းထဲ သွားတယ် ။

မနက်စောစောထနေကျ အန်ကယ်လီက အခုလည်း ထမင်းစားခန်းထဲမှာ ထိုင်နေပြီ ။ ထမင်းစားပွဲပေါ်မှာတော့ အငွေ့တောင်မပြယ်သေးတဲ့ ပူပူနွေးနွေး မနက်စာကို တည်ခင်းထားတယ် ။

ပေါက်စန ကျားယွဲ့လေးလည်း နိုးနေပြီ ။ သူ့ပုခက်လေးကထဲ အန်ကယ်လီ ခေါ်ထုတ်လာပုံရတဲ့ ကုပေါက်က ကျားပေါက်လေးလို ထမင်းစားပွဲကိုပတ်ပြီး လေးဘက်သွားနေတယ် ။

" မောနင်း သခင်လေး "
အန်ကယ်လီ မတ်တတ်ရပ်ကာ နှုတ်ဆက်တယ် ။

မနက်ခင်းလေထုက လတ်ဆတ်ရှင်းသန့်ပြီး နေရောင်ခြည်က မပူမပြင်းနဲ့ ခပ်နွေးနွေးလေး ။ ထို့အပြင် ညတုန်းက သူ့ကိုအဝကျွေးထားတဲ့ ယုပေါ်ယွင်ကြောင့် ကုဖုန်းတစ်ယောက် အပျော်ကျူးပြီး မျက်စိရှေ့က အရာရာဟာ လှပနေတယ် ။

ကုဖုန်းဟာ ရင်ခုန်ဖွယ်ရာညလေးကို စားမြုံ့ပြန်တွေးပြီး အစာဝလို့ ကျေနပ်သွားတဲ့ ခွေးကြီးလို ပျင်းကြောဆန့်လိုက်တယ် ။
" မောနင်း အန်ကယ်လီ "

အန်ကယ်လီက သူ့သခင်လေးပုံကိုကြည့်ပြီး ညတုန်းက သခင်နှစ်ယောက်ရဲ့တိုက်ပွဲ အတော်လေး ပြင်းထန်ကြောင်း သိလိုက်တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now