Chapter 266

2.3K 369 5
                                    

ကုကျားယွဲ့လေးက စူးစမ်းမှုအပြည့်နဲ့ ယုပေါ်ယွင်နား လျှောက်လာတယ် ။
" ဝါး ဝါး ~~~"

စကားပြောတတ်ခါစမို့ ပီပီသသမရှိပေမဲ့ သူ့ကို ပါပါးလို့ ခေါ်နေတာ ယုပေါ်ယွင် သိတာကြောင့် ကျေနပ်ပီတိအပြည့်နဲ့ သားတော်မောင်ကို ပွေ့ချီလိုက်တယ် ။

" အိုး ဒါမှ ပါပါးသားလေး .. တော်လိုက်တာ "

ကုပေါက်လေးက သူ့ပါပါးကို အရည်လဲ့နေတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ ချစ်စဖွယ် စိုက်ကြည့်နေပြီး နှုတ်ခမ်းပိစိလေးထော်ကာ အာဘွားပေးလေတယ် ။

ကုဖုန်း မျက်မှောင်ကြုတ်ပြီး
" စိတ်ပျက်စရာ ကလေးပေါက်လေး "

ယုပေါ်ယွင်က ကျားယွဲ့လေးကိုချီလျက် ကုဖုန်းဆီ ထိုးပေးရင်း
" ယွဲ့ယွဲ့လေး‌ရေ သားဒက်ဒီကိုလည်း ဒက်ဒီလို့ ခေါ်လိုက်ပါဦး "

ကျားယွဲ့လေးက တိတ်နေတယ် ။ သူ့အမူအရာလေးက အနည်းငယ် လေးနက်နေတယ် ။

" ခေါ်လိုက်ပါ သားရယ် .. ဒါမှမဟုတ် အားဘွားလေးပေးလိုက် အာဘွား အာ---ဘွား "

ကုပေါက်စ နားလည်လား မလည်လား ယုပေါ်ယွင် မသိဘူး ။ ဒါပေမဲ့ သူ့ခန္ဓာသေးသေးလေးက ကုဖုန်းဆီ တရွေ့ရွေ့ တိုးကပ်သွားတယ် ။

ယုပေါ်ယွင်က ကုမျိုးနွယ်နှစ်ယောက်ဖြစ်တဲ့ ကုပေါက်ကြီးနဲ့ ကုပေါက်လေးကို ပီတိအပြည့်နဲ့ ကြည့်နေတယ် ။ သူ့နှလုံးသားထဲကို အနွေးလှိုင်းလေးတစ်ခု တသိမ့်သိမ့် စီးဝင်လာကာ အရမ်းပျော်နေမိတယ် ။

ကုဖုန်းက သူ့သားလေး သူ့ဆီ မှီချလာတာကို စောင့်ကြည့်နေတယ် ။ သူ့အမူအရာက စိတ်ပျက်သလို ဖြစ်နေပေမဲ့ တစ်ချက်လေးတောင် မလှုပ်ဘဲ သားတော်မောင်ရဲ့အနမ်းကို မျှော်လင့်စောင့်စားနေတယ် ။

သနားစရာ ကုပေါက်ကြီးဟာ သားရဲ့ အနမ်းကို မရလိုက်ရှာဘူး ။  ထိုအစား ဆံပင်အဆွဲခံလိုက်ရရှာတယ် ။

မွေးရကျိုးမနပ်တဲ့ သား !!!!

ကုဖုန်းက ကျားယွဲ့လေးလက်ကို ညင်သာစွာ ဆွဲဖြေပြီး သူ့ဆံပင်တွေကို ကယ်တင်လိုက်ရတယ် ။ ဒီဇိုင်နာနဲ့ ၃နာရီလောက် အချိန်ပေးပြင်ထားရတဲ့ ဆံပင်တွေခမျာ ကုပေါက်လေးလက်ချက်နဲ့ ဖရိုဖရဲ ။ ကုဖုန်း ဒေါသထွက်ပြီး သားတော်မောင်ကို ကော်ဇောပေါ်ချကာ ခပ်တင်းတင်း ပြောလိုက်တယ် ။
" အဲ့မှာပဲ နေ .. ဒက်ဒီ့ကို မင်း ဘာလုပ်လိုက်လဲ ကြည့်ဦး !!"

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now