Chapter 255

2.6K 390 1
                                    

သီးသန့်ခန်းထဲမှ လူတစ်စုက အရယ်မရပ်နိုင်ဘူး ။

ကုဖုန်းက ဒီသူငယ်ချင်းလို့ခေါ်တဲ့လူတွေကို အေးစက်စက် ကြည့်ပစ်လိုက်တယ် ။

ဒီအစားအသောက်တွေက သူ ဒကာခံတာ မဟုတ်ဘူးလား ။

ဟုတ်တယ် !! သူ့မှာ တကူးတက အကုန်အကျခံပြီး ဧည့်ခံကျွေးမွေးတာရတဲ့ အဓိကအကြောင်းအရာက ယုပေါ်ယွင်ကို ဘယ်လိုလက်ထပ်ခွင့်တောင်းရမလဲ ဆွေးနွေးဖို့ ။

သူတို့ကို ပါတီပွဲကျင်းပခိုင်းတာ မဟုတ်ဘူး ။

အန်နာ အတော်လေးကောင်းနေပြီ ။ သူမရဲ့ ဝင်သက်ထွက်သက်တွေမှာတောင် အရက်နံ့တထောင်းထောင်းထလို့ ။ သူမရှေ့စားပွဲပေါ်မှာ အရက်ပုလင်းပေါင်းများစွာ ။ အားလုံးက ဈေးကြီးပြီး ဂုဏ်သရေရှိသူ‌ဌေးကြီး‌တွေသာ သောက်နိုင်တဲ့ တံဆိပ်တွေချည်းပဲ ။ ဒီအမျိုးသမီးက သူမဘော့စ်ရဲ့ငွေတွေဖြုန်းဖို့ပဲ အမြဲတမ်းတွေးနေတာ ။ သူမက မျက်လုံးမှေးစင်းပြီး ချစ်စဖွယ်ပြုံးကာ
" ကျွန်မမြင်နေရတာ‌တော့ .... လူကြီးမင်းကု , ရှင့်ခေါင်းက နှစ်လုံးကြီးများတောင် ဟားဟားဟားဟားဟား "

လုရန် မျက်ခုံးလေးပင့်ကာ

" မင်း နားမလည်တာ အဲ့ဒါပဲ .. လူကြီးမင်းကုမှာ အစတည်းက ခေါင်းနှစ်လုံး ရှိတာလေ "

လုရန်းက လုရန်ရဲ့ ရင်ဘတ်သေးသေးလေးကိုပုတ်ကာ " ဗီလိန်လေး "

ပိုင်ရှီရှန်းနဲ့ မန့်လုံကတော့ တစ်ဖက်မှာ ထိုင်နေပြီး ဝင်ရောက်ဆွေးနွေးခြင်းမရှိဘူး ။ ဖြစ်စဉ်တစ်ခုလုံးမှာ မန့်လုံက ပိုင်ရှီရှန်းပန်းကန်ထဲ စားကောင်းတာမှန်သမျှ ခပ်ထည့်ပေးနေပြီး ပုစွန်လေး အခွံခွာပေးလိုက် ငါးရိုးလေး နွှင်ပေးလိုက်နဲ့ ။ ပိုင်ရှီရှန်းကလည်း မန့်လုံထည့်ပေးသမျှ အဆင်မပြတ် စားရင်း စကားပြောဖို့ရာ အလှည့်မပေးနိုင်ဘူး။ နှစ်ယောက်တည်း တစ်ကမ္ဘာတည်လျက် ။

ကုဖုန်းတစ်ကိုယ်လုံး အေးစက်လာသလို ခံစားရကာ ချောင်းဟန့်လိုက်တယ် ။

" မင်းတို့တွေ လာရင်းကိစ္စ မေ့သွားကြတာလား "

လူတိုင်းရဲ့ ခေါင်းတွေလှည့်လာပြီး တိတ်ကျသွားတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now