Chapter 208 (Uni)

4.1K 630 10
                                    

ရှောင်းဝူတန်က ဆိုင်ရဲ့ overalls* ကိုဝတ်ပြီး ယုပေါ်ယွင်ရှေ့မှာ ရပ်လိုက်တယ် ။

သူ့‌ဆံပင်တွေက မသပ်မရပ်နဲ့ အနည်းငယ် ရှုပ်ပွကာ ဖရိုဖရဲဖြစ်နေတယ် ။ သေသေချာချာ ဖြီးသင်ထားပုံ မပေါ်ဘူး ။ အရောင်တင်ထားလေ့ရှိတဲ့ လက်သည်းတွေကိုလည်း ချွတ်ဆေးသုံးပြီး ဖျက်ထားတာ အချိန်အတော်ကြာတည်းက ။ မျက်နှာမှာလည်း ဘာမှလိမ်းခြယ်မထားတဲ့ပုံ ။

ယုပေါ်ယွင်က ဒီလိုပုံနဲ့ ရှောင်းဝူတန်ကိုကြည့်ပြီး မြင်နေကျနဲ့ကွဲပြားနေတာကြောင့် တစ်မျိုးကြီးခံစားလိုက်ရတယ်။

ဟိဟွေ့နဲ့ တခြားလူတွေက ယုပေါ်ယွင်ကို အချက်ပြပြီး ညစာစားရန် မီးဖိုဆောင်ထဲ ဝင်သွားကြတယ် ။

ရှောင်းဝူတန်က ယုပေါ်ယွင်အနားထိလျှောက်လာပြီး ဦးညွတ်ကာ မဝံ့မရဲ ဆိုလိုက်တယ် ။

" ဟယ်လို "

သူ့မှာ အရင်လို မောက်မာခြင်းတွေ မရှိတော့ဘူး ။

ယုပေါ်ယွင်ရဲ့ လည်စေ့လေး ထက်အောက်လှုပ်ရှားသွားပြီး နူးညံ့စွာ မေးလိုက်တယ် ။

" မင်း ကျန်းမာရေး ပိုကောင်းလာပြီလား "

ရှောင်းဝူတန် သူ့လက်ကိုမြှောက်ပြီး သူလှီးဖြတ်ခဲ့တဲ့ လက်ကောက်ဝတ်ကိုကြည့်ကာ သူ့ကိုယ်သူ လှောင်ရယ်လျက် ဆိုလေတယ် ။

" သေရမယ့်ကံ မပါသေးဘူးနဲ့တူတယ် မသေဘူးလေ .. ဒီဒဏ်ရာလောက်နဲ့တော့ မသေနိုင်ပါဘူး .. သိပ်လည်းမနက်ဘူးဆိုတော့လေ ..ဒေါက်တာက ဆေးရုံဆင်းလို့ရပြီတဲ့ ..ဒါပေမယ့်  လက်ကိုတော့ ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေမလုပ်နဲ့ ..အာရုံစိုက်လို့ မှာလိုက်တာပဲ "

ယုပေါ်ယွင် ခေါင်းညိတ်တယ် ။

" ဒီမှာ လုပ်ရတာရော အဆင်ပြေရဲ့လား .. ပေါင်းသင်းဆက်ဆံရေးနဲ့ သဘောကျ.............."

" အားလုံးက အရမ်းကောင်းကြပါတယ် "
ရှောင်းဝူတန် ခေါင်းညိတ်ပြီး
" ဘယ်လိုပဲဖြစ်ဖြစ် ငါက ဘယ်သူမှ မလိုချင်တဲ့ လူတစ်ယောက်လေ .. မင်းက ......ငါ့ကို အလုပ်ခန့်တယ် .. ငါ့မှာ စောဒတက်စရာမရှိပါဘူး ..တကယ်ပါ "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now