Chapter 252

2.6K 432 5
                                    

ကောလိပ်ကျောင်းသားလေးက ကုဖုန်းကမ်းပေးတဲ့ ပါဆယ်ထုပ်ကို လှမ်းယူလိုက်တယ် ။ သူက ထွက်မသွားသေးဘဲ မျက်နှာကလည်း ရဲနေဆဲ ။ ရှက်နေတာ သိသိသာသာ ။

" ကျွန်ဝောာ် ဒီကလူကြီးမင်းရဲ့ WeChat လိုချင်နေတုန်းပဲ .. အပန်းမကြီးရင် ကျွန်တော့်ကို ......."

" အိုး !"
ကုဖုန်း ခပ်ပေါ့ပေါ့ပြုံးကာ
" သူက ပေးလို့မရဘူး .. မင်းလိုချင်ရင် ငါ့အကောင့်ကို add လိုက် .. အဲ့ဒါ သူ့ကို add တာနဲ့ အတူတူပဲ "

ထို့နောက် ဖုန်းထုတ်ကာ WeChat QR code နဲ့တကွ ကျောင်းသားလေးရှေ့ ချပေးလိုက်တယ် ။
" ကျေးဇူးပြုပြီး "

ကျောင်းသားလေးက ရှက်ကိုးရှက်ကန်းနဲ့ ငုံ့ကြည့်လိုက်တယ် ။

ကုဖုန်းWeChatရဲ့ ပရိုဖိုင်က ယုပေါ်ယွင်ပုံနဲ့ ။ နာမည်က‌တော့ ကုဖုန်းနာမည် ။

ကျောင်းသားလေးက အကြည့်တစ်ချက်နဲ့တင် အရာအားလုံးနားလည်သွားတယ် ။ ဒီလူက သူစိတ်ဝင်စားမိတဲ့ မစ်တီးဆိုင်ပိုင်ရှင်ရဲ့ သက်ဆိုင်သူခင်ပွန်း ။ ပြီးတော့ ပုံစံနဲ့ အနေအထားအရ တကယ့် big big boss ကြီး ။

ကောင်လေးက သူ့ကျောပိုးအိတ်လေးပြင်လွယ်ပြီး ပါဆယ်ထုပ်ဆွဲကာ ကတိုက်ကရိုက်နဲ့ ဦးတညွတ်ညွတ် တောင်းပန်တယ် ။

" တောင်းပန်ပါတယ် .. တောင်းပန်ပါတယ် .. ဒီက ရှောင်ကော‌အချောလေးမှာ ပိုင်ရှင်ရှိမှန်း မသိလို့ပါ "

ကုဖုန်းနဲ့ ယုပေါ်ယွင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် ယုပေါ်ယွင် ပြောလိုက်တယ် ။
" ရပါတယ် "

ကျောင်းသားလေးက ခေါင်းမော့ကာ တစ်ချက်ကြည့်ပြီး ဆိုင်တံခါးမှ ထွက်ခွာသွားလေတယ် ။

ထိုကောင်လေးရဲ့နောက်ကျောကိုကြည့်ကာ ကုဖုန်း သက်ပြင်းချတယ် ။

" ဘာလို့ သက်ပြင်းချနေတာလဲ "
ယုပေါ်ယွင် မေးတယ် ။

ကုဖုန်း မပျော်မရွှင်နဲ့ ဆိုတယ် ။
" လူတွေက ဘာလို့ မင်းကိုပဲ မြည်းစမ်းချင်ရတာလဲ "

" ကျွန်တော်က ချောမောခန့်ညားတယ်လေ "
ယုပေါ်ယွင်က ကုဖုန်းနဲ့ နေတာကြာပြီ ။ ဒါကြောင့် အ‌ရေအထူထူနဲ့ ဘယ်လိုပြုံးပြီး ဘယ်လိုဟန်ကိုယ့်ဖို့လုပ်ရမယ်ဆိုတာ ၊ အပြစ်ကင်းပုံလေးနဲ့ လိပ်ဆန်ဆန် ကိုယ့်ဘက်ကိုယ် ဘယ်လိုယက်ရမလဲ သင်ယူတတ်မြောက်ရုံမက တစ်ဖက်ကမ်းတောင်ခပ်နေပြီ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now