Chapter 184

7.2K 1.2K 68
                                    

ယုပေါ်ယွင် လိုအပ်သည်များထည့်သိုပြီးနောက် ကုဖုန်းက သူ့ကို Super Ingot သို့ လိုက်ပို့ပေးလေတယ် ။

ဆိုင်ကိုရောက်တော့ ဆိုင်တစ်ဖက်ကမ်း ကားလမ်းဘေးမှာ ကားရပ်လိုက်တယ် ။ ထို့နောက် ကားတံခါးဖွင့်ဆင်းလိုက်ပြီး ဘေးခုံမှာထိုင်နေတဲ့ ယုပေါ်ယွင်ကို ပြောလိုက်တယ် ။

" ကိုယ် ချီသွားပေးမယ် "

"အမ် ??"

ယုပေါ်ယွင်မျက်နှာထက်မှာ နားမလည်နိုင်ခြင်းတွေနဲ့ ။

" ကျွန်ဝောာ့်ဘာသာ သွားလို့ရတယ်လေ "

" ကိုယ် ချီပို့ပေးမယ် "

ကုဖုန်းက အခိုင်အမာဆိုနေဆဲ ။

" လမ်းမက ကားအရမ်းရှုပ်တာပဲ ..အန္တရာယ်များတယ် ..မင်း ခြေထောက်လည်း ကောင်းကောင်းမှမကောင်းသေးတာ ...ဒါကြောင့် တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့ဦး .."

ယုပေါ်ယွင်လေး ပြန်မပြောတော့ပါဘူး ။

ကုဖုန်းက ကားတံခါးဖွင့်ကာ ယုပေါ်ယွင်ကို ကောက်ပွေ့လိုက်တယ် ။ အလွန်တရာ နွေးနွေးထွေးထွေးနဲ့ကို ပိုက်ပွေ့လိုက်တာ ။

ယုပေါ်ယွင် ချောင်းတွေတောင်ဆိုးသွားရှာတယ် ။

" အာ အဲ့လောက်ကြီး လုပ်ဖို့မလိုပါဘူး.. လမ်းကူးတာလောက်လေးကို ..ကျွန်တော်က ကလေးသေးသေးလေးလည်း မဟုတ်ဘူး "

ကုဖုန်းက ပွေ့ထားလျက်နဲ့ ‌ဆိုင်ဘက်ကို ခြေလှမ်းလိုက်ပြီး

" ကိုယ် စိတ်မချလို့ပါ .. ကိုယ့်ကို စိတ်ဖြောင့်ဖြောင့်လေး နေခွင့်ပေးလေ နော် "

ယုပေါ်ယွင် နှုတ်ခမ်းလေး ကော့တက်သွားတယ် ။

" ခင်ဗျားကလေ ခြေလေးနည်းနည်းလောက် ဝင်ပါရစေ ..လက်လေးနည်းနည်းလောက် ဝင်ပါရစေဆိုပြီး နည်းနည်း နည်းနည်းနဲ့ တစ်ကိုယ်လုံးရောက်အောင် တိုးဝင်လာမယ့်လူမျိုးပဲ ..ဧကရီ CiXi လို မလုပ်စမ်းပါနဲ့ "

စကားပြောနေတာကြောင့် ယုပေါ်ယွင်ရဲ့ ဖွေးဥဥပါးပြင်လေးက တလှုပ်လှုပ်နဲ့ ။ ကုဖုန်း မနမ်းဘဲ မနေနိုင်တာကြောင့် ရွှတ်ခနဲ ငုံ့နမ်းပစ်လိုက်တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now