Chapter 170

7.8K 1.3K 35
                                    

သုံးယောက်သား ပျော်ပျော်ကြီး အနားယူနေကြတုန်း လုရန်ဖုန်းက မြည်လာလေတယ် ။

ဖဲလည်းဆက်မရိုက်ဖြစ်တော့တာကြောင့် မျက်လုံးစည်းလေးတပ်ပြီး မှိန်းနေတဲ့ ယုပေါ်ယွင်က မျက်လုံးစည်းကို မ,တင်ကာ ဆိုဖာကိုမှီပြီး ပျင်းပျင်းရိရိနဲ့ ဆိုလိုက်တယ် ။

" ဟေး ..နောက်တစ်ပွဲလောက် ပြန်စကြ.........."

လုရန် နှုတ်ခမ်းလေးကွေးတက်သွားပြီး အနှိပ်ခံစက်ထဲကထွက်ကာ လေသာဆောင်ဘက်လျှောက်သွားပြီး ဖုန်းပြောနေတယ် ။

ပိုင်ရှီရှန်း လက်ဆန့်ပြီး ယုပေါ်ယွင်ရဲ့ မျက်လုံးစည်းကို လှမ်းဆွဲကာ မကျေမချမ်းဆ်ုလေတယ် ။

" မင်းတို့ကောင်တွေ သိပ်ပျော်နေတယ်ပေါ့လေ "

" မနှောင့်ယှက်စမ်းနဲ့ "

ယုပေါ်ယွင် မျက်နှာလွှဲကာရှောင်လိုက်ပြီး မျက်လုံးစည်းကို မျက်လုံးပေါ်မှာတပ်ကာ အမှောင်ထုထဲ ပြန်လည်အနားယူလိုက်တယ် ။

" ဆရာသမားရယ် ကျွန်တော်က အရမ်းကို အလုပ်များတဲ့လူပါနော်..အတိတ်မှာလည်း အရမ်းကို ပင်ပန်းခဲ့ရတယ်လေ..အကြာကြီး အရမ်း အရမ်းကို အကြာကြီးနေမှ တစ်ခါလေး အပန်းဖြေရတာပါဗျာ "

ယုပေါ်ယွင်နဲ့ ပိုင်ရှီရှန်းတို့နှစ်ယောက် ဆိုဖာပေါ်မှာ အရိုးမရှိသလိုမှီပြီး အပျင်းတစ်နေကြရင်း လုရန်ပြောသမျှ နား‌ထဲအတိုင်းသား ကြားနေရလေတယ် ။

လုရန် စကားတွေထဲမှာ ဖာ့ခ်တစ်လုံးကတော့ မပါမဖြစ်ပဲ ။

"ကျွန်ဝောာ့်ကိုခေါ်ဖာ့ခ်မလို့လား"

တစ်ခါတစ်လေ အာပြဲကြီးနဲ့ အော်သေးတာ ။

" ဒါမှမဟုတ် ကျွန်တော်လာဖာ့ခ်‌ပေးရမလား"

" ဖာ့ခ် ခင်ဗျား ! "

" ဖာ့ခ်ယူ !"

ပိုင်ရှီရှန်း‌လေး မနေသာတော့ဘူး ။

" သူဘာလို့ တစ်ဖာ့ခ်တည်း ဖာ့ခ်နေရတာလဲ "

" သူ့ တစ်ယောက်တည်း လွှတ်ထားလိုက်စမ်းပါဗျာ "

ယုပေါ်ယွင် မျက်လုံးစည်းကိုချွတ်ကာ စားပွဲပေါ်က သူ့ရဲ့ cassia coffe ခွက်လေးကိုယူကာ တစ်ငုံချင်းသောက်နေတော့တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now