Chapter 185

7.9K 1.3K 42
                                    

Super Ingot ရှေ့က လမ်းမကြီးထက်မှာ ဖြတ်သန်းမောင်းနှင်နေကြတဲ့ကားတွေက မျက်စိနောက်ဖွယ်ကောင်းအောင် များပြားလွန်းလှတယ် ။

ဥဒဟိုသွားလာနေတဲ့ကားများအနက် ပြိုင်ကားတစ်စီးက ဆိုင်ရဲ့တစ်ဖက်ခြမ်းလမ်းမဘေးတွင် ရပ်တန့်လိုက်တယ် ။

ထိုကားထဲမှ ကောင်းမွန်စွာဝတ်ဆင်ထားသောလူတစ်ယောက် ထွက်လာကာ ဆိုင်ထဲဝင်၍ ကော်ဖီတစ်ခွက်ပါဆယ်မှာတယ် ။ ထို့နောက် ပါဆယ်ထုပ်လေးကိုင်ကာ ဆိုင်ထဲမှပြန်ထွက်လာပြီး ကားဆီဦးတည်လျှောက်သွားတယ် ။ ထို့နောက် ကားတံခါးဖွင့်ကာ မောင်းသူနေရာမှာ ဝင်ထိုင်ပြီး ဘေးမှတစ်ယောက်ကို ပါဆယ်ထုပ်ကမ်းပေးလိုက်တယ် ။

" ရော့ ဒီမှာ မင်းတမ်းတနေတဲ့ ကော်ဖီ "

ပါဆယ်ထုပ်ထဲရှိ ခပ်နွေးနွေး ကော်ဖီခွက်လေးကို ကျန်းဟောင် လှမ်းယူလိုက်တယ် ။ သူ့မျက်လုံးတွေကဝောာ့ အပြင်ဘက်တစ်နေရာကို ငေးစိုက်ကြည့်‌နေလျက် ။

" ငါ ပြောရင်လည်း ပြောတယ်ဖြစ်မယ် ..မင်း တကယ်ကို ထူးဆန်းနေတာနော် .."

ကားမောင်းသူက အကူအညီမဲ့စွာ ခေါင်းခါရမ်းပြီး

" ဆိုင်က ဟိုနားလေးတင်ကွာ .. မင်းကိုယ်တိုင်မသွားဘဲ ငါက သွားဝယ်ပေးရတယ် ..ပြောစမ်းပါဦး သခင်လေးကျန်းရဲ့ ..မင်း ခုတလော ဘာတွေဖြစ်နေတာလဲ "

ကျန်းဟောင် ကားပြတင်းအပြင်ဘက်ကို ကြည့်မြဲကြည့်လျက်ပဲ ။ Super Ingot ဆိုင်ရဲ့ကောင်တာနောက်မှာ ပုံရိပ်လေးတစ်ရိပ်က ထိုင်နေကျအတိုင်းလေးပဲ ထိုင်နေတယ် ။

" သားရီးရေ ငါ မင်းကို မေးနေတယ်လေကွာ ! "

ကားမောင်းသူက ကျန်းဟောင်ခေါင်းကို ပုတ်ကာဆိုလိုက်တယ် ။

ထိုအခါမှ ကျန်းဟောင် ဆတ်ခနဲ နိုးထလာခဲ့တယ် ။ သူ ချောင်းဟန့်လျက်

" နောက်မှ မင်းကို ကော်ဖီဖိုး ပြန်ပေးတော့မယ် "

" ဟေး အဲ့လောက်ကြီး သိတတ်နေစရာမလိုပါဘူး ..မဖြစ်စလောက်ပိုက်ဆံလေးနဲ့ ဘာကြောင့် အရမ်းတွေ ယဉ်ကျေးနေရတာတုန်း .."

ကားမောင်းသူက ကားစက်နှိုးကာ

" ငါ ..ငါ မေးချင်တာက မင်း ဘာလို့ ကိုယ့်ဘာသာ သွားမဝယ်ရတာလဲ ..အဲ့ဒီ လူ ..နေပါဦး သူ့နာမည်က ယု ယု ယု ယု ယုပေါ်ယွင်..အာ ဟုတ်ပြီ ..အဲ့ဒီလူကို မင်း လိုက်နေတာ မဟုတ်ဘူးလား  ..လိုက်တာမှ အတင်းအကြပ်ကို မရမကလိုက်နေတာလေ ..သေမလိုပဲ "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now