Chapter 259

3K 511 13
                                    

????

ဘာကိုဆိုလိုတာလဲ ??

ပေါ်ယွင်က သဘောတူတယ်လို့ ပြောတာလား ??

ကုဖုန်း သူကြားလိုက်ရတာကို မယုံနိုင်ဖြစ်နေတယ် ။

သူ့ရင်ဘတ်ထဲမှာတော့ မိုးကြိုးတွေခ , လျှပ်စီးတွေ ပစ် , ငလျင်တွေ လှုပ် နေသလို ‌ဗြောင်းဆန်နေတာပဲ ။ လက်တွေတောင် တုန်နေတယ် ။

အတန်ကြာမှ လှိုက်မောဆူဝေနေတဲ့ ပီတိဇောအဟုန်ကနေ ရုန်းထွက်နိုင်ခဲ့တယ် ။ သူ့အသံက ပျော်ရွှင်မှုဖြင့် လှုပ်ခတ်လျက် ။
" ကိုယ် , ကိုယ် သေချာတိုင်းပြီးပါပြီ .. လုံးဝ မမှားဘူး .. ကျိန်းသေပေါက်ကို မမှားနိုင်ဘူး "

ထို့နောက် ပန်းပွင့်ထဲက လက်စွပ်ကို ကမန်းကတန်းထုတ်ပြီး ယုပေါ်ယွင်လက်မှာ စွပ်ပေးရန် ပြင်လိုက်တယ် ။

ကုဖုန်းရဲ့ တုန်လှုပ်နေတဲ့ အကြည့်အောက်မှာပဲ လက်ရာမြောက်ပြီး တန်ဖိုးမနည်းလှတဲ့လက်ထပ်လက်စွပ်လေးက ယုပေါ်ယွင်လက်ဖျားထိပ်မှတဆင့် အရင်းပိုင်းထိ ချောချောမောမော ဝင်ရောက်သွားတယ် ။ ကျပ်လွန်းခြင်း ချောင်လွန်းခြင်း မရှိ ။

" ကွက်တိပဲ , ပေါ်ယွင် မင်းလေး မြင်ပြီလား .. ကွက်တိပဲ "
ကုဖုန်းအသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ခိုက်လို့ ။
" မင်းနဲ့ အရမ်းလိုက်ဖက် ......"

ယုပေါ်ယွင် သူ့လက်ကို မျက်စိရှေ့မှာမြှောက်ပြီး လက်ဖဝါးဘက်လှန်လိုက် လက်ဖမိုးဘက်လှန်လိုက်နဲ့ သေချာကြည့်တယ် ။ ပြီးမှ ခပ်ပြုံးပြုံးနဲ့ ဆိုတယ် ။

" ဒီဟာလေးသေးသေးလေးက ကျွန်တော့်တစ်ဘဝလုံးကို ထောင်ချောက်မိစေမယ့်ပုံပဲ "

ကုဖုန်းက ယုပေါ်ယွင်ပခုံးပေါ် မှီချကာ ပြောတယ် ။
" မင်းရော ကိုယ့်တစ်ဘဝလုံးကို ထောင်ချောက်ထဲ ထည့်မထားချင်ဘူးလား "

ကုဖုန်းဆံပင်တွေက ယုပေါ်ယွင် လည်တိုင်ကို ယားကျိကျိ ဖြစ်စေတယ် ။ ယုပေါ်ယွင် မျက်ဝန်းမှေးကာ မေးလိုက်တယ် ။

" တကယ်ပါပဲ .. အဲ့ဒီ ပတ်ချွဲနှပ်ချွဲစကားတွေ ဘယ်ကသင်လာတာလဲ ခင်ဗျား ???"

" ကိုယ့်နှလုံးအိမ်ထဲက "
ကုဖုန်း ပြုံးမြစွာ ဆိုတယ် ။
" ကိုယ် စိတ်ရင်းနဲ့ ပြောတာပါ "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now