Chapter 230 to 234

4.2K 612 29
                                    

❗❗221 နဲ့ 222 ကို လိုက်မရှာနဲ့နော် .. ကျော်သွားတာမဟုတ်သလို ပျောက်နေတာလည်း မဟုတ်ဘူး .. မရှိကို မရှိတာပါ .. အဲ့ဒီအကြောင်းကို Please Read မှာ ပြောပြထားပါတယ် ❗❗

Chapter 230

ကျန်းဟောင် လေတစ်ချက်အဟပ်ခံရတာကြောင့် နိုးလာတယ် ။

မျက်လုံးဖွင့်ဖွင့်ချင်း သူ့ရှေ့မှာ ဖြူနုသေးသွယ်တဲ့လက်အစုံကို တင်းတင်းဆုပ်ပြီး ရင်အစုံ နိမ့်ချည်မြင့်ချည်ဖြစ်အောင် မောကြီးပန်းကြီး အသက်ရှူနေတဲ့ လိခေးကို တွေ့လိုက်ရတယ် ။ ညီညာဖြူဖွေးလှတဲ့သွားတန်းလေးစေ့ပြီး အံကြိတ်ကာ ဒေါသတကြီး ရန်လိုနေတဲ့ ဒီအသေးလေးပုံက ကျန်းဟောင်ကို လန့်အောင်လုပ်နိုင်စွမ်းမရှိဘူး ။ သူ့မျက်လုံးထဲမှာ ခုန်ဆွခုန်ဆွလုပ်နေတဲ့ ယုန်ဖြူပေါက်လေးတစ်ကောင်လိုပဲ ။

ကျန်းဟောင် ပါးတစ်ဖက်ကို ကိုင်လိုက်တယ် ။ လက်သီးစာမိသွားတဲ့ပါးဖြစ်မယ် ထင်ပါရဲ့ ။

" မင်းကို သတ်မယ် ခွေးကောင် ! "

လိခေးမျက်လုံး‌တွေ ရဲတွတ်နေတယ် ။ အသံတွေလည်း တုန်ပြီး
" ညက မင်း ဘာလုပ်တာလဲ , ဘာလုပ်တာလဲလို့ ပြောစမ်း ဟေ့ကောင် ! "

ကျန်းဟောင် မျက်ရည်ဝေ့ပြီး ကြိုးစားထကာ  တစ်မိနစ်လောက် စဉ်းစားတယ် ။ ထို့နောက် မျက်လုံးပြူးကာ

" မင်းကို ငါ .............လုပ်ခဲ့မိတာလား ??? "

ကျန်းဟောင် တွန့်ဆုတ်နေဆဲ ။

လိခေး ဘေးကခေါင်းအုံးယူပြီး ကျန်းဟောင်ကို ရိုက်တော့တယ် ။

" ငိုးမသား ! ငါတို့က လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းအရင်းကြီးတွေကွ .. မင်း ငါ့ကို ဒီလိုလုပ်စရာလား .. ဒီလိုလုပ်စရာလား ???? "

ကျန်းဟောင်က လိခေးရိုက်ချက်တွေကိုရှောင်ရင်း တစ်ဖက်ကလည်း စဉ်းစားရင်း ။ သူ့စိတ်ထဲ ညကအကြောင်းအရာတွေက ရှင်းရှင်းလင်းလင်းပဲ ပေါ်လာခဲ့တယ် ။

သူ မှတ်မိသွားပြီ ။

ညက သူအတော်မူးသွားတာ ။ လိခေးက သူ့ကိုတွဲပြီး အခန်းထဲ ခေါ်လာတယ် ။ အခန်းထဲရောက်ချိန် ဘာကြောင့်ရယ်မသိ သူ့ဆန္ဒတွေ ထကြွလာခဲ့တယ် ။ လိခေးရဲ့ မျက်နှာဖွေးဖွေးလေးကိုကြည့်လေ ရင်းနှီးကျွမ်းဝင်မှုပိုလေဖြစ်ပြီး ဆွဲဆောင်ခံရကာ အလွတ်မပေးချင်ခဲ့ဘူး ။ အဆုံးသတ်မှာ သူ့ဦးနှောက်ထဲ သုတ်ပိုးရောက်သွားသလို ချက်ချင်းပဲ အဲ့ဒီအသေးလေးကို ခုန်အုပ်ပြီး အရိုးအသားမကျန် စားပစ်ခဲ့မိတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now