Chapter 174

7.1K 1.4K 56
                                    

လေတွေက တဝုန်းဝုန်းနဲ့ ကြမ်းတမ်းစွာ တိုက်ခတ်နေပြီး လမ်းမထက်မှာ လူအနည်းစုသာ ရှိလေတယ် ။

ကုဖုန်းက ယုပေါ်ယွင်ကို ကျောပိုးပြီး ခပ်ဖြေးဖြေးသာ လျှောက်လှမ်းနေလျက် ။

ယုပေါ်ယွင်ရဲ့ ငိုသံလေး‌တွေ တဖြေးဖြေးစဲစပြုလာပြီး လေသံတိုးတိုးလေးသာ ထွက်တော့တယ် ။ ကုဖုန်းက နားကိုစွင့်ကားနေအောင်ထောင်ပြီး ဝမ်းနည်းနေသူလေးရဲ့ မပီမသစကားတွေကို အာရုံစိုက်ထားတယ် ။

" ကျွန်တော် သူတို့ကို အရမ်းလွမ်းတာပဲ..ကျွန်တော့်အမေ လုပ်ကျွေးတဲ့ ပေါက်စီနဲ့ ကျွန်တော့်ဆရာမပြောခဲ့တဲ့ ဆုံးမစကားတွေကို အရမ်းလွမ်းတယ်..တွေးလေ တွေးလေ..........."

ကုဖုန်းက ယုပေါ်ယွင်ကို လှေကားထစ်ပေါ်မှာတင်လိုက်ပြီး ပိန်ကျသွားတဲ့ ခန္ဓာကိုယ်လေးကိုသာ ကြည့်နေခဲ့ရတယ် ။

လွန်ခဲ့တဲ့ရက်ပိုင်းလောက်အထိ ယုပေါ်ယွင်က အားမာန်အပြည့်နဲ့ တက်ကြွလန်းဆန်းနေတုန်း ။ ဝံပုလွေပေါက်လေးတစ်ကောင်လို လက်သည်းလေးတထုတ်ထုတ် အစွယ်လေးတဖြီးဖြီးနဲ့ ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းမော့ရင်ကော့ထားနိုင်နေတုန်း ။ ဝံပုလွေပေါက်လေးက သူမွေးထားတဲ့ ဝံပုလွေပိစိလေးကိုချီပြီး မျက်လုံးအစုံက စူးရှတောက်ပနေတုန်း ။

ဒါပေမယ့် အခုတော့ ဒဏ်ရာရထားတဲ့သားကောင်ငယ်လေးလို ပိန်ကပ်ကပ်ခန္ဓာကိုယ်လေးကိုကွေးပြီး အားနည်းဖျော့တော့လှစွာ ။

ဝိုင်တွေသောက်ပြီး မူးမူးနဲ့ ရင်ထဲကစကားတွေကို တောင်စဉ်ရေမရ ဟိုတစ်စဒီတစ်စ ဖွင့်ထုတ်ပြီး နင့်နင့်သီးသီးငို‌ကြွေးလျက် ။

ဆရာမကျန်းရဲ့ သေဆုံးမှုက သူ့အပေါ် ဘယ်လောက်ထိ ရိုက်ခတ်သွားလဲဆိုတာ လက်ရှိဖြစ်ပျက်နေတဲ့ သူ့ပုံစံလေးကြည့်ရုံနဲ့ သိနိုင်ပါတယ် ။

ကုဖုန်းက ယုပေါ်ယွင်ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီးထိုင်လိုက်တယ် ။ အားနည်း‌ဖျော့တော့နေတဲ့ပုံလေးနဲ့ နှုတ်ခမ်းတင်းတင်းကိုက်ထားတဲ့ ယုပေါ်ယွင်ကိုကြည့်ပြီး သူ့နှလုံးအိမ်က ဆိုးဆိုးရွာရွား နာကျင်ထိခိုက်လွန်းလှပါပြီ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now