Chapter 235 to 240 (Unicode )

4.2K 607 38
                                    

ကောင်းကင်ယံမှာ လျှပ်စီးတဝင်းဝင်း ၊ မိုးခြိမ်းသံ တညံညံနဲ့ ။

သင်္ဘောပေါ်မှမီးအလုံးစုံ ငြိမ်းပြီဖြစ်ပြီး မီးခိုးငွေ့‌များသာ အလိပ်လိုက် အလိပ်လိုက် ထွက်နေလျက် ။ မြင်ကွင်းက ခြောက်ချားဖွယ်ရာအတိ ။

Costa က ကမ္ဘာ့နံပါတ်တစ် အပျော်စီးသင်္ဘောတစ်စင်းပီပီ လုံခြုံရေး ၊ ဘေးအန္တရာယ်ကင်းရှင်းရေး ၊ ကြံ့ခိုင်ရေး အစရှိသဖြင့် အရာအားလုံး ထိပ်တန်းအဆင့်မှာရှ်ိတယ် ။ လုယမ်ရှို့ခဲ့တဲ့ ကြောက်မက်ဖွယ်ရာ မီးလောင်ပေါက်ကွဲမှုမှာ ဧည့်သည်တွေကို ဘေးလွတ်ရာ အမြန်ရွှေ့ပေးနိုင်ခဲ့ပြီး မိုးအကူအညီနဲ့ အချိန်မီတာထက် ပိုစောစောငြိမ်းသတ်နိုင်ခဲ့တယ် ။ ဒါကြောင့် အခြေအနေက လျင်လျင်မြန်မြန်ပဲ တည်ငြိမ်သွားတယ် ။

ဘေးလွတ်ရာက ပြန်ထွက်လာကြတဲ့ ဧည့်သည်အပေါင်းဟာ ကပွဲခန်းမကိုအဖြတ်မှာ ခေါင်းမွေးတွေ‌တောင် ထောင်သွားကြတယ် ။ မကြာမီအချိန်က မီးရောင်စုံနဲ့လှပခမ်းနားခဲ့တဲ့ ကပွဲခန်းမဟာ မီးခိုးတလူလူနဲ့ မီးလောင်ပြင်ကြီး ဖြစ်နေပြီ ။

ပိုင်ရှီရှန်း ရင်တွေတုန်နေတုန်းပဲ ။ သူ့ရှေ့က မြင်ကွင်းကိုကြည့်ပြီး သက်ပြင်းချလိုက်တယ် ။

" ဖြေးဖြေး ! ဖြေးဖြေး ! တစ်ယောက်ပြီးမှ တစ်ယောက် လာပါ  ! "

မီးခိုးနံ့ ၊ ညှော်နံ့တွေကြောင့် မန့်လုံ လက်ဝဲလက်ထဲက မန့်ရိရန်လေး ဝါးခနဲ ထငိုတယ် ။ သူမလေးရဲ့ ငိုသံကြောင့် လက်ယာဘက်လက်မှာ ချီထားတဲ့ ကျားယွဲ့လေးပါ လိုက်ငိုတော့တယ် ။ ကလေးနှစ်ယောက်ရဲ့ စူးစူးဝါးဝါးငိုသံကျယ်ရယ် စေ့စပ်မောင်နှံရဲ့ ကပွဲခန်းမမြင်ကွင်းရယ်က လူတိုင်းရင်ကို ထိခိုက်ကြေကွဲစေတယ် ။

ပိုင်ရှီရှန်းက မန့်လုံလက်ထဲက ကုကျားယွဲ့လေးကို လှမ်းချီပြီး အငိုတိတ်စေရန် ချော့မြူရင်း ဆတ်ခနဲ ခေါင်းမော့ကာ လူအုပ်ထဲ ကြည့်တယ် ။

" လုရန် , လုရန်း , ကျန်းဟောင် , လိခေး , ‌ရှောင်ရှု ......"

ထို့နောက် ရှေ့နောက်ဝဲယာမကျန် ကျီးကန်းတောင်းမှောက်ကြည့်ပြီး မျက်မှောင်ကြုပ်တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now