Chapter 182

7.5K 1.4K 196
                                    

ကုဖုန်း နှလုံးသားက ဒီလောက်ထိ မြန်ဆန်လွန်းစွာ မခုန်ဖူးခဲ့ဘူး ။ အခုန်လွန်ပြီး သူ့ရင်ဘတ်ထဲကတောင် ထွက်ကျဝောာ့မယ် ။

အသံ .....

အဲ့ဒီအသံ .....

သူ စက်ရုပ်တစ်ရုပ်လို တောင့်‌တောင့်ကြီးလှည့်ပြီး ယုပေါ်ယွင် အခန်းတံခါးကို ကြည့်လိုက်တယ် ။

တကယ်လား ?!

ကလစ်ခနဲ အခန်းတံခါး လော့ခ်ဖွင့်သံကို သူ တကယ်ကြားလိုက်တာလား ?!

ထင်ယောင်ထင်မှားနဲ့ နားကြားမှားသွားတာလား ?!

ကုဖုန်း လည်ဇလုပ်က မတည်မငြိမ် နိမ့်လိုက် မြင့်လိုက်ဖြစ်ပြီး လက်ချောင်းလေးတွေပါ တုန်ယင်လာတယ် ။

ဒေါ်လာ မီလီယံနဲ့ချီတဲ့ စာချုပ်တွေကိုလည်း မကြောက်မရွံ့ လတ်မှတ်ထိုးခဲ့ဖူးတယ် ။ မရေမတွက်နိုင်တဲ့ ပြိုင်ဘက်တွေကို သူ့အစွမ်းအစနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီး တရားဝင် အနိုင်ယူခဲ့ဖူးတယ် ။ တိုက်ခိုက်မှုတွေ ၊ ‌နောက်ကျောဓားထိုးမှုတွေ ၊ အကောက်ကြံခြင်းတွေ စသည်ဖြင့် နည်းမျိုးစုံနဲ့ ဒုက္ခပေးခြင်းတွေကို ကြုံတွေ့ခဲ့ဖူးတယ် ။
ဒါပေမယ့် ဒီအခိုက်အတန့်လေးမှာ ဖြစ်ပေါ်နေတဲ့ ကြောက်ရွံတုန်လှုပ်စိတ်မျိုး တစ်ခါမှတောင် မဖြစ်ခဲ့ဖူးဘူး ။

ကုဖုန်း တံတွေးမြိုချပြီး တံခါးလက်ကိုင်ဘုကို လက်လှမ်းလိုက်တယ် ။

တံခါးက လော့ခ်ချထားတုန်းပဲဆိုရင် ဒါက သူ အမူးလွန်ပြီး နားကြားမှားသွားတာပဲပေါ့ ။

ရပါတယ် ။ သူ ဆက်ပြီး ရုန်းကန်ကြိုးစားရင်း သေလုမတတ် နာကျင်မှုတွေကို စောင့်စားနေပါ့မယ် ။ ယုပေါ်ယွင်ပေးလာမယ့် တုန့်ပြန်မှုလေးနည်းနည်းကို နေ့နေ့ညည မျှော်လင့်စောင့်စားနေပါ့မယ် ။ သူက ဒီလူသားလေးဆီမှာ နစ်မြုပ်နေခဲ့ပြီးသားမို့ ။

ဒါပေမယ့် တံခါးက အမှန်တကယ် လော့ခ်ဖွင့်ထားတာဆိုရင် ...........။

ကုဖုန်း အေးစက်စက် တံခါးလက်ကိုင်ဘုကို ဆုပ်ကိုင်ထားရင်း ချွေးပြန်နေတယ် ။ ဘဝနဲ့ချီပြီး အရေးကြီးလှတဲ့ ဆုံးဖြတ်ချက်ကြီးတစ်ခု ကြုံတွေ့ရတော့မလိုမျိုး ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now