Chapter 269

3.2K 446 12
                                    

ကျန်းအိမ်တော်

ကျန်းဟောင်က သူ့အမေနဲ့အစ်မရှေ့မှာ စစ်သားတစ်ယောက်လို တောင့်မတ်ဖြောင့်တန်းစွာ ရပ်နေတယ် ။ သူ့တစ်ကိုယ်လုံး အားအင်တွေအပြည့်နဲ့ ပေါ့ပလာပင်တစ်ပင်လိုပဲ ။ မျက်လုံးအစုံက တောက်ပရွှန်းလဲ့လို့ ။

( ဖာ့ခ် စစ်သား .. မူရင်းအတိုင်း ဘာသာပြန်ရတာတောင် အော့နှလုံးနာတယ် 🤮🤮🤮)

ကျန်းဟောင်အမေက သူမသားကို အကြာကြီးစိုက်ကြည့်နေပြီး သက်ပြင်းရှိုက်တယ် ။

ဒီနှစ်တွေမှာ ကျန်းဟောင် အရမ်းကို ခက်ခဲပင်ပန်းခဲ့ပေမဲ့ သူမကတော့ ဘာမှမလုပ်ပေးခဲ့ဘူး ။

သူမက သန်မာပြီး ထက်မြက်တဲ့ မိခင်တစ်ယောက် ။ သူမက ကျန်းဟောင်ကို အမျိုးမျိုးကြိုးကိုင်ပြီး ဝင်ရောက်စွက်ဖက်ခဲ့တယ် ။ အဲ့ဒါကလည်း ကျန်းဟောင်ဘဝ ကောင်းစားဖို့ ။ အရာရာ ကျန်းဟောင်အတွက် အကောင်းဆုံးတွေပဲ မျှော်လင့်ခဲ့တာ ။

အဲ့ဒီအကျင့်က ဒီနေ့ဒီအချိန်ထိ စွဲမြဲကပ်ညိလာတယ် ထင်ပါရဲ့ ။ ကျန်းဟောင်အရွယ်ရောက်လာတာတောင် သူမက ထိန်းချုပ်ချင်နေတုန်းပဲ ။

ကျန်းဟောင်အစ်မပြောပြတဲ့ လိခေးနဲ့ကျန်းဟောင်အကြောင်းကြားပြီး သူမကိုယ်က အားအင်တွေ ယု‌တ်လျော့သွားတယ် ။ ဘာဆိုဘာမှ မပြောနိုင်တော့လောက်အောင်ပါပဲ ။

ကျန်းဟောင်က သူမထိန်းချုပ်မှုအောက်က ဖြည်းဖြည်းချင်း လွတ်ထွက်လာတာကိုပါ သူမ ရှာတွေ့သွားတယ် ။

" မင်းပြန်လာရမယ်ဆိုတာတော့ သိသေးသားပဲ "
ကျန်းဟောင်အဖေက စီးကရက်ပြာချွေကာ ပြောတယ် ။ သူက စီးကရက်ငွေ့တွေ မှုတ်ထုတ်လိုက်တာကြောင့် အနည်းငယ်တွန့်နေတဲ့ပါးပြင်တွေကို အငွေ့တွေကြား ဝေဝေဝါးဝါးသာ မြင်နေရတယ် ။

" တစ်နှစ်ကြာပြီးတဲ့နောက် အရာအားလုံး သင်ယူခဲ့ပြီးပြီပေါ့လေ "

" ဟုတ်ပါတယ် ပါး .. ကျွန်တော် အများကြီး သင်ယူခဲ့ရတယ် "
ကျန်းဟောင်က မတ်မတ်ရပ်နေဆဲ။

" အဲ့ဒီကိုသွားပြီး သင်ယူခွင့်ပေးခဲ့အတွက်လည်း ပါးကို ကျေးဇူးတင်ပါတယ် "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now