Chapter 260

3.1K 545 18
                                    

ကုပေါက်လေးက အသက်ရှစ်လအရွယ်မှာ လေးဘက်စမ်းသွားနေပြီ ။

အဲ့ဒီနေ့က ယုပေါ်ယွင်ရော ကုဖုန်းပါ အလုပ်ရှိတာကြောင့် အပြင်သွားနေကြတယ် ။

အန်ကယ်လီကလည်း လုပ်စရာလေးနည်းနည်းရှိလို့ ကုပေါက်ကို ဆိုဖာအသေးလေးမှာ ခဏချထားခဲ့တယ် ။

ကုဖုန်းနဲ့ ယုပေါ်ယွင် အိမ်ပြန်လာပြီး ဒုတိယထပ်ကိုတက်လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့အားသင့်သွားကြတယ် ။

ကုပေါက်စက ခြေလေးချောင်းသတ္တဝါလေးတွေလို လေးဘက်သွားနေတယ် ။

" သူ , သူ , သူ ..လေးဘက်သွားနေတာလား "

ယုပေါ်ယွင် မယုံနိုင်စွာ မေးလိုက်တယ် ။

ကုဖုန်း မျက်ခုံးပင့်ကာ
" အဲ့လိုနဲ့တူတာပဲ "

ယုပေါ်ယွင် သူ့သားပေါက်ဆီ ပြေးသွားမလို့ ပြင်နေတုန်း ပိန်းဥလေးက ယွဲ့ယွဲ့လေးဘေးမှာ ဘွားခနဲ ပေါ်လာတယ် ။

ပိန်းဥ‌လေးက ဝဖီးတစ်တုတ်နေတဲ့ သူ့ကိုယ်ကိုခါပြီး ကြောင်ခြေလှမ်းတွေနဲ့ ကုပေါက်လေးရှေ့က ဦးဆောင်လျှောက်တယ် ။ ကုပေါက်စက ပိန်းဥလေးခြေလှမ်းအတိုင်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်တယ် ။

ဒီပုံစံတိုင်း ကလေးပိစိတစ်ယောက်နဲ့ ကြောင်ဝတုတ်တစ်ကောင်က အပေးအယူမျှလို့ ။
ခြေလှမ်းနည်းနည်းလျှောက်ပြီးနောက် ပိန်းဥလေးက နောက်ခြေထောက်နှစ်ချောင်းကိုကွေးကာ ကုပေါက်စရှေ့ ဖင်ထိုင်ချလိုက်တယ် ။

တလက်လက်နဲ့ ကြီးမားဝိုင်းစက်တဲ့ မျက်လုံးကြီးတွေနဲ့ ကျားယွဲ့လေးက ပိန်းဥလေးကျောပေါ် ဖြည်းဖြည်းချင်း တွယ်တွက်တော့တယ် ။

ပိန်းဥလေးလို ခပ်ချေချေနဲ့ အထာကျကျနေတတ်တဲ့ ကြောင်ဂုဏ်မောက်သူကြီးတောင် ကုပေါက်စရဲ့ မျက်လုံးဝိုင်းကြီးဒဏ်ကို ခံနိုင်ရည်မရှိဘူး ။

ယွဲ့ယွဲ့ သူ့ကျောပေါ်ရောက်တာနဲ့ ပိန်းဥလေး နောက်ခြေထောက်မြှောက်ကာ ထရပ်လိုက်တယ် ။ သူက ကုပေါက်ကို ကျောပေါ်တင်ပြီး အခန်းအနှံ့ ပတ်လျှောက်ပေးချင်တာ ။

ဒါပေမဲ့ ..... ဒီကလေးလေးက သူထင်တာထက် နည်းနည်းပိုလေးနေသလိုပဲ !!!

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now