Chapter 192 + 193

7.7K 1.3K 102
                                    

လေညှင်းတသုန်သုန်တိုက်ခတ်နေတဲ့ ညနေခင်းလေးမှာ ယုပေါ်ယွင်ခွဲစိတ်ရမယ့်အချိန်စာရင်းကို ဆရာဝန်က အကြောင်းကြားလာခဲ့တယ် ။

တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့က ကုဖုန်းရဲ့မွေးနေ့ ။ ခွဲစိတ်ရမယ့်အချိန်က နေ့လည်ခင်း ။

ယုပေါ်ယွင်ကို ကျောမှာပိုးထားတဲ့ကုဖုန်း တိတ်တခိုးလေး ဆုတောင်းမိတယ် ။ ဒါ သူ့မွေးနေ့အတွက် ပထမဆုံးတောင်းမိတဲ့ တောင်းဆုလေး ။

မွေးနေ့မှာ ဘာဆိုဘာမှ မလိုချင်ခဲ့တာ အမှန်ပဲ ။ ဘာမှမရလည်း အေးဆေး ။ ဒါပေမယ့် ဒီနှစ်မွေးနေ့မှာတော့ လူတိုင်းရဲ့ ကောင်းချီးမင်္ဂလာတွေကို လိုချင်မိတယ် ။ သို့မှသာ အဲ့ဒီကောင်းချီးတွေကို ယုပေါ်ယွင်လေးကံကောင်းစေဖို့ လွှဲပြောင်းပေးအပ်နိုင်မှာ ။ ဒါဆို သူ့ပေါင်ပေ့လေး အခက်အခဲမရှိ ချောချောမွေ့မွေ့ ခွဲစိတ်နိုင်ပြီ ။

ယုပေါ်ယွင်က ဆရာဝန်မှာကြားတာတွေကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေတယ် ။

သူ့မျက်လုံးတွေက လုံးလုံးလျားလျားမမြင်ရသလောက်ပဲ ။အမြင်လွှာရှေ့မှာ မြူတစ်ထပ်ဖုံးနေသလို အရာရာက ဝေဝေဝါးဝါး ။

ဒီအချိန်ကာလလေးမှာ သူ့ကမ္ဘာက ကုဖုန်းရဲ့ လက်ဖဝါးနွေးနွေး နဲ့ သံလိုက်လို ကုဖုန်းရဲ့အသံနဲ့ပဲ ရှင်သန်နေရတာ ။ ဒီခံစားချက်က ပြောရရင် သူ့ကမ္ဘာမှာ ကုဖုန်းတစ်ယောက်တည်းသာ ကျန်နေရစ်ပြီး သူက အရာရာ ကုဖုန်းအပေါ် မှီခိုအားကိုးနေရသလိုမျိုး ။

လူကလည်း အချိန်တိုင်းလိုလို အားနေတော့ အတွေးတွေက အဲ့ဒီအကြောင်းအရာမှာပဲ တဝဲလည်လည် ။ သူ့စိတ်ထဲ မေးခွန်းတစ်ခုကလည်း ထပ်တလဲလဲ ။

ကုဖုန်းကို ယုံကြည်လိုက်လို့ရသေးလား............!

ကုဖုန်းကတော့ ယုပေါ်ယွင် ဘာတွေးနေလဲ မသိရှာဘူး ။ နေ့စဉ်နေ့တိုင်း အားသွန်ခွန်စိုက်နဲ့ ဘယ်နေရာမှ မလစ်ဟင်းရအောင် အကောင်းဆုံးလုပ်နေခဲ့တယ် ။ အထူးသဖြင့် ယုပေါ်ယွင်အတွက် ။ ယုပေါ်ယွင် ဘာလိုချင်လဲ ၊ ဘာလိုအပ်လဲ ၊ ဘာလုပ်ချင်လဲ ၊ ဘာစားချင်လဲ အမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့ အကဲခတ်နေတယ် ။ ယုပေါ်ယွင် အစားနဲ့ ပါးစပ်မပြတ်အောင် တစ်မျိုးပြီးတစ်မျိုး ကျွေးနေဝောာ့တာပဲ ။ ယုပေါ်ယွင်သာစားမယ်ဆို သူ ဘာမဆို လုပ်ကျွေးနိုင်ပါတယ် ။ အရေးကြီးဆုံးက ပေါ်ယွင်လေး ပျော်ပျော်ရွှင်ရွှင် စားနေဖို့ပဲ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now