Chapter 210(Uni)

5.7K 844 34
                                    

ယုပေါ်ယွင်ရဲ့ တောင်းဆိုမှုကို ကုဖုန်း ငြင်းပယ်ရန် ဆန္ဒမရှိပါဘူး ။ တိတ်တိတ်လေးတောင် ကြိတ်ပျော်သွားသေးတယ် ။

ကုဖုန်းက ယုပေါ်ယွင်နဲ့ မလှမ်းမကမ်းမှာ ဝင်ထိုင်လိုက်တယ် ။

ယုပေါ်ယွင် မျက်မှောင်ကြုပ်သွားတယ်။

" အဝေးမှာထိုင်ပြီး ဘာလုပ်မလို့လဲ "

" ကိုယ် အနားကပ်ထိုင်လိုက်ရင် မင်း နဲ့ မင်းအမေ စကားပြောတာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ "
ကုဖုန်း ဖြေရှင်းချက်ပေးတယ် ။

" ဒီလာထိုင် "

ယုပေါ်ယွင်က သူ့ဘေးကနေရာလွတ်ကို ညွှန်ပြကာ ဆိုလေတယ် ။

ကုဖုန်းက ခပ်သွက်သွက်နေရာရွေ့ကာ ချစ်ရသူ လက်ညှိုးညွှန်ရာနေရာမှာ ထိုင်လိုက်တယ် ။

ယုပေါ်ယွင် နဲ့ ကုဖုန်းက နေရာတကျဖြစ်ကာ ထိုင်နေကြရင်း ခဏအကြာမှာ ယုပေါ်ယွင်က ကုဖုန်းထံ အနည်းငယ်တိုးကပ်လာတယ် ။

" ခင်ဗျားလက် ဆန့်လိုက် "

ကုဖုန်းဟာ အနည်းငယ် နားမလည်နိုင်ဖြစ်နေပေမယ့် ချစ်ရသူအလိုကျ လက်မောင်းနှစ်ဖက်ကိုဖွင့်ကာ ဆန့်တန်းလိုက်တယ် ။

ယုပေါ်ယွင် နှုတ်ခမ်းတင်းတင်းစေ့ပြီး ကလေးချီထားလျက်နဲ့ ကုဖုန်းရင်ခွင်ထဲ တိုးဝင်လိုက်လေတယ် ။

" ကျွန်တော် ပင်ပန်းနေလို့ .. ခင်ဗျားကို ခဏလောက် မှီထားပါရစေ "

ကုဖုန်း တစ်ကိုယ်လုံး တုန်ခါသွားပြီး နှလုံးသားထဲက ပီတိတွေက ပေါက်ထွက်လာလုမတတ်ကို တသိမ့်သိမ့် တငြိမ့်ငြိမ့်နဲ့ ဘဝင်အခိုက်ကြီး ခိုက်သွားတော့တယ် ။

ယုပေါ်ယွင်က ဘေးပရောဂတွေမပါဘဲ ကိုယ့်စိတ်နဲ့ကိုယ် သူ့ရင်ခွင်ထဲ ဝင်လာခဲ့တာ ဒါနဲ့ဆို နှစ်ကြိမ်မြောက် ။

ဟုတ်တယ် ! နှစ်ကြိမ်မြောက် !

ကုဖုန်းဟာ မျက်လုံးအစုံမှေးမှိတ်ပြီး စိတ်အေးလက်အေးနဲ့ သူ့ရင်ခွင်မှာ မှီတွယ်နေတဲ့ သိမ်မွေ့နူးညံ့သူလေးကို ငုံ့ကြည့်လိုက်တယ်။ ဒီလူသားလေးလက်ထဲမှာက သူ့သားပေါက်စန ။ ဒီကြည်နူးစရာမြင်ကွင်းလေးကြောင့်  သူ့နှလုံးသားက တစ်စုံတစ်ရာ ပြီးပြည့်စုံသွားသလို တဖြည်းဖြည်း ညံ့သက်ပျော်ဝင်လို့လာတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now