Chapter 178

7K 1.3K 40
                                    

ဆိုင်ဖွင့်ပြီး ဒုတိယရက်မှာတော့ ယုပေါ်ယွင်တစ်‌ယောက် ဆိုင်မသွားဘဲ နားရက်ယူလိုက်ရတယ် ။

နားရက်လေးမှာ ဘယ်ကိုမှ ချော်တောငေါ့မနေဘဲ ဆေးရုံကိုသာ တန်းသွားလိုက်တယ် ။ခုတလော သူ့မျက်လုံးတွေ တစ်ခုခုဖြစ်နေတယ်လို့ သံသယလေးရှိနေတာကြောင့် ။

အဝေးမှုန်နေတယ်ဆိုရင်တောင် ပုံရိပ်တွေ နှစ်ထပ်ဖြစ်နေတာ ၊ မကြာခဏ မှုန်ရီဝိုးတဝါးဖြစ်နေတာမျိုးတွေ ဖြစ်လာစရာအကြောင်းရင်းမှ မရှိပဲ ။

အဲ့ဒီအပြင် ရောဂါလက္ခဏာတွေက တစ်ခါထက်တစ်ခါ ပိုပိုဆိုးရွားလာပြီး ဖြစ်ချိန်လည်း ပိုပိုကြာမြင့်လာတယ် ။ ဒါကြောင့် ယုပေါ်ယွင် စိတ်အေးမနေနိုင်တော့ဘူး ။ မဟုတ်ရင် အပ်နဲ့ထွင်းရမယ့်အရာက ပုဆိန်နဲ့ပေါက်နေရလိမ့်မယ် ။

" ခင်ဗျားဖြစ်နေတာတွေက မကြာခဏ အမြင်မှုန်ဝါးတယ် ..ပြီးတော့ တော်တော်နဲ့ အမြင်ပြန်မကြည်ဘူး ..ဟုတ်လား "

ဆရာဝန်က စားပွဲနောက်မှာထိုင်ပြီး အေးဆေးသက်သာစွာ မေးလိုက်တယ် ။

" အဲ့လိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ "

" တစ်လကျော်လောက်ကြာပြီထင်တယ် "

ဆရာဝန် ခေါင်းညိတ်ပြီး ရုတ်တရက် တစ်စုံတစ်ရာ တွေးမိလိုက်ပုံဖြင့်

" မစ္စတာ ယု, အခန်းထဲကို ခင်ဗျားဝင်လာတုန်းက ခင်ဗျားပုံစံက နွမ်းဖတ်ပြီး ခွေယိုင်လဲလုမတတ်ဖြစ်နေတယ်နော်..ကျွန်တော် မေးတာ ရိုင်းသွားရင် တောင်းပန်ပါတယ်..
လတ်တလောမှာ ချော်လဲတာမျိုး ၊ ယာဉ်မတော်တဆဖြစ်ခဲ့တာမျိုး အစရှိသဖြင့် မမျှော်လင့်ဘဲ ဖြစ်သွားတာမျိုးတွေပေါ့ဗျာ ..အဲ့ဒါမျိုးတွေ ကြုံခဲ့ရဖူးလား "

ယုပေါ်ယွင် ခေါင်းရမ်းပြလိုက်ပေမယ့် ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားတယ် ။

အရင်တိုက်တန်းလျားမှာတုန်းက သူခိုးနောက်လိုက်ရင်း လှေကားထစ်ပေါ်က ချော်ကျခဲ့ဖူးတာပဲ !

" တစ်ခါတော့ဖြစ်ဖူးတယ်.."
ယုပေါ်ယွင် လည်ဇလုပ်လေး ထက်အောက်ရွေ့လျားသွားပြီး

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now