Chapter 131

8.7K 1.5K 83
                                    

Weiboက ကိစ္စကတော့ အတော်လေး ချဥ်ဖို့ကောင်းတယ် ။

တင်လိုက်တဲ့ မာကက်တင်းအကောင့်ပိုင်ရှင်ကိုယ်တိုင်လည်း အချိန်တိုလေးအတွင်းမှာ ဒီကိစ္စက အဲ့လောက်ထိ ပေါ်ပြူလာဖြစ်သွားမယ်လို့ မျှော်လင့်ထားပုံမရဘူး ။ နောက်ကွယ်က အဖွဲ့ကတော့ ရူးလောက်အောင်ကို ပျော်နေလောက်ပြီ ။

click နှိပ်တဲ့လူတွေ..forward နဲ့ copy.. tag သမားတွေကြောင့် list ထိပ်ဆုံးထိ တက်ပြီးနေရာယူသွားခဲ့တာ ။
ပြောရမယ်ဆိုရင် သူတို့အတွက် ရသွားတဲ့ အကျိုးအမြတ်က အဖြူရောင်ငွေထုပ်ကြီးပိုက်မိသွားသလိုမျိုး ။

သားကောင်ရှာနေတဲ့ အဲ့ဒီမာကက်တင်းအကောင့်နောက်ကွယ်က အဖွဲ့ကယုပေါ်ယွင်တို့ကို ဘယ်လိုများ အနံ့ခံမိသွားတာလဲ မသိဘူး ။ သူတို့လက်ထဲ သက်သေရတာနဲ့ တန်းတင်ပစ်လိုက်ကြတာ ။ ပန်းဝတ်ရည်ကိုတွေ့သွားတဲ့ ပျားတွေလို ပျော်မဆုံး တပြုံးပြုံးတောင်ဖြစ်နေမှာ မြင်ယောင်သေး ။

သူတို့က သားကောင်ဖြစ်တဲ့ ယုပေါ်ယွင် နဲ့ ကုကျားယွဲ့လေးကို ခုတုံးလုပ်တယ် ။ ဒါကို ရေးကြီးခွင်ကျယ်နဲ့ ဇာချဲ့ကြတဲ့လူတွေကလည်း ချဲ့တယ် ။ အဲ့ဒီလို ဘုန်ကြီးရူး နဲ့ လှေလူးတွေ တွေ့သွားကြတဲ့အခါ သတင်းက မထင်မှတ်ထားစွာပဲ ဟိုးလေးတကြောကြော်ဖြစ်ပြီး လူတိုင်းက ပျော်ပျော်ကြီး
ဆွမ်းကြီးဝိုင်းလောင်းကြတော့တယ် ။

အဲ့လောက်ပေါ်ပြူလာဖြစ်နေမှတော့ ပြည်ပသတင်းဌာနတွေ ၊ သုတေသနဌာနတွေက ယုပေါ်ယွင်နားကို ယင်ကောင်တွေလို ဝိုင်းအုံလာကြတာ မဆန်းတော့ပါဘူး ။

သူတို့ထင်နေတာက ရှောင်လွှဲလို့မရတော့တဲ့ ယုပေါ်ယွင်က ရှေ့ထွက်လာပြီး သူတို့မေးသမျှ သူတို့သုတေသနပြုသမျှ ခံနေမယ်လို့ ။
အဲ့ဒါဆို သူတို့အတွက် အကျိုးအမြတ်ကလည်း မှန်းဆမရတော့ဘူးလေ ။ သူတို့ရဲ့ ဘဏ်အကောင့်တွေကတော့ သပိတ်ဝင် အိတ်
ဝင်တွေ ဖြစ်ကြတော့မှာ ။

လောဘကို အတောမသတ်နိုင်တဲ့ မြောက်များလှစွာသော လူအုပ်ကြီးက ယုပေါ်ယွင်ထွက်မလာမချင်း ဆေးရုံမှာပဲ ထိုင်လျက်တမျိုး ထ,လျက်တသွယ် လဲလျောင်းလျက်တဖုံ
မညီးမညူစောင့်ဆိုင်းနေကြတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now