Chapter 270

3.1K 403 13
                                    

" စိတ်မဆိုးပါနဲ့ အန်တီလင်းရယ် "
လိခေးအသံက လူပျိုပေါက်သံလေး အနည်းငယ် စွက်နေဆဲ ။
" ဟောင်ကောက အန်တီတို့ကို ကလန်ကဆန်လုပ်တာ မဟုတ်ပါဘူး .. ဒီတိုင်း သူ့မှာလည်း ကိုယ်ပိုင်စိတ်ကူးလေးတွေ ရှိနေတာမျိုးပါ .. အန်တီလင်း ကြည့် ........"

ကျန်းဟောင်မားက သက်ပြင်းချပြီး ခေါင်းငုံ့သွားတယ် ။ ဈေးကြီးပေးပြီး ကောက်ထားရတဲ့ လှိုင်းတွန့်ဆံနွယ်လေးတွေ ဝန်းရံထားတဲ့ သူမမျက်နှာလှလှလေးတောင်မှ ဂေါ်ဖီထုပ်တစ်ထုပ်လို နွမ်းလျနေတယ် ။

" အန်ကယ်ကျန်း , တကယ်တော့လေ ဟောင်ကောက အန်ကယ့်ကို အရမ်းလေးစားပြီး အန်ကယ့်ရဲ့ အတွေးအမြင်တွေကို တန်ဖိုးထားလွန်းသူပါ .. ဒါပေမဲ့ ကျွန်တော်တို့ လူငယ်တွေမှာလည်း ကိုယ်ပိုင်အတွေးအခေါ်နဲ့ အမြင်လေးတွေ ရှိတတ်ကြတယ်လေ .. အန်ကယ်တို့နှစ်ယောက်လုံးက ဟောင်ကော ကောင်းဖို့အတွက် လုပ်ခဲ့ကြတာ ကျွန်တော် သိပါတယ် .. သူ့ အနာဂတ် မဖြောင့်ဖြူးမှာစိုးလို့ အန်ကယ် စိတ်ပူရတယ် .. ပြောစကားနားမထောင်တဲ့အခါမျိုးမှာ စိတ်တိုရတယ် .. မိဘဆိုတာက ကိုယ့်သားသမီး ဘယ်အရွယ်ရောက်ရောက် သူတို့မျက်စိထဲမှာ ကလေးတွေလို့ပဲ မြင်နေကြတာ သဘာဝပါပဲ .. သူလမ်းလျှောက်တတ်ခါစကလည်း ခြေထောက်လေးမှ ခိုင်ရဲ့လား .. လဲကျပြီး ထိခိုက်ဒဏ်ရာရသွားမလား .. ရှေ့က နံရံကြီးနဲ့များ မတော်တဆ တိုက်မိသွားလေမလား မျိုးစုံတွေးပူခဲ့ရပြီး အခုထိလည်း ပူနေရတုန်းပဲ မဟုတ်လား .. ဒါပေမဲ့ အန်ကယ်ကျန်းရယ် သူလည်း အခုဆို အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်နေပါပြီ .. သူ့ခြေထောက်ပေါ် သူ ကောင်းကောင်းရပ်တည်နေနိုင်ပြီမို့ သူ့ကို ကလေးလေးတစ်ယောက်လိုမြင်ပြီး အရာရာ စိုးရိမ်မနေပါနဲ့တော့လား .. ငှက်ပေါက်လေးတွေတောင်မှ အပျံသင်စအရွယ်ကနေ ကျွမ်းကျွမ်းကျင်ကျင် ပျံသန်းတတ်တဲ့အရွယ်မှာ အတွေ့အကြုံသစ်တွေ ရှာဖွေဖို့နဲ့ လောကသစ်ကြီးကို စူးစမ်းဖို့ ရင်အစုံကိုဖွင့်ပြီး ကမ္ဘာအနှံ့ တောင်ပံဖြန့်ကြသေးတာပဲ .. ဒါက တားမြစ်ပိတ်ပင်လို့ မရတဲ့ သဘာဝတရားကြီးပါ "

လိခေးစကားတွေကြောင့် ကျန်းဟောင်ပါးရဲ့ မေ့ပျောက်နေတဲ့ မှတ်ဉာဏ်တွေ တကျော့ပြန်ပေါ်လာတယ်။ 

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now