Chapter 164

7.2K 1.2K 42
                                    

လုရန်းက လုရန်ကို လုမိသားစုပိုင် လုအိမ်တော်ထဲ ခေါ်လာတဲ့အခါ အိမ်ထိန်းကြီးက တံခါးဖွင့်ကာ ကြိုစောင့်နေတယ် ။

အိမ်တော်ထိန်းကြီးက အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဖိုးအိုတစ်ယောက် ။ လုရန်းနောက်မှာ ပါလာတဲ့ လုရန်ကို ကြောင်တစ်ကောင်လိုမျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီး

"အထဲမှာ သခင်မကြီး စောင့်နေပါတယ် သခင်လေး "

"အင်း "
လုရန်းက မပြောင်းမလဲ အမူအရာနဲ့ပဲ ခေါင်းညိတ်ကာ
"ကျွန်တော် သိပြီ "

လုရန်းရဲ့ တုန့်ပြန်မှုမဲ့ အမူအရာကြောင့် သူ ဘာပြောတယ်ဆိုတာ အိမ်တော်ထိန်းကြီး မတွေးတတ်တော့ဘူး ။ အနည်းငယ် သောကရောက်နေတဲ့လေသံနဲ့

"သခင်လေးရယ် အပြင်လူကို အိမ်တော်ထဲထိ‌ ခေါ်လာတော့ သခင်မကြီး မပျော်မရွှင်ဖြစ်ရတော့မယ် "

အိမ်တော်ထိန်းအိုကြီးစကားကြောင့် လုရန် လည်ပင်းလေး ဆတ်ခနဲ တုန်သွားတယ် ။

သူ မောက်မာချင်ရင် သူ့ တင်ပါးတွေ မြင့်မြင့်မြှောက်ပြီး မောက်မာလို့ရတယ် ။ ဒါပေမယ့် သူသာ မောက်မာလိုက်ရင်.....ဒါက အတော်လေး မအပ်မရာဖြစ်သွားလိမ့်မယ် ။

သူငယ်စဉ်က သူတို့မိသားစုက ဆင်းရဲတယ် ။ ဆင်းရဲသားအများစုနေထိုင်တဲ့နေရာမှာ ချို့ချို့တဲ့တဲ့ နေခဲ့ရတယ် ။ မိသားစုနေ့စဉ်ဘဝကလည်း ခက်ခဲကြမ်းတမ်းတယ် ။ သူများအသုံးပြုပြီးသားတွေ ၊ မလိုချင်လို့ လွှင့်ပစ်ထားတာမျိုး‌တွေကိုသာ အကောင်းလုပ်ပြီး သုံးခဲ့ရတယ် ။

လုအိမ်တော်ကိုကြည့်ပြီး ဒီအခိုက်အတန့်လေးမှာ သူ တွေးမိပါရဲ့ ။

ကြီးမားခန့်ထည်လွန်းပြီး တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေနဲ့ ဆင်ယင်ကာ တစ်အိမ်လုံး ဖိတ်ဖိတ်တောက်နေတဲ့ ဒီလိုဗီလာတစ်လုံးပိုင်ဆိုင်ဖို့ဆိုတာ သူ ဆယ်ဘဝလောက် ကုန်းရုန်းပြီး ပိုက်ဆံရှာမယ်ဆိုရင်တောင် မဖြစ်နိုင်လောက်ဘူးလို့ ။

လုရန်က ခပ်မှိန်မှိန်မျက်လုံးလေးတွေနဲ့ ဖိတ်ဖိတ်တောက်နေတဲ့ အိမ်တော်ကြီးကိုဝေ့ကြည့်ပြီး ဘာရယ်ကြောင့်မှန်းမသိစွာ သူ့ကိုယ်က သေးနုပ်သွားသလို ခံစားလိုက်ရတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now