Chapter 180

7.4K 1.3K 57
                                    

ယုပေါ်ယွင် ဘယ်လောက်ကြာ‌ကြာ အိပ်ပျော်သွားလဲ မသိဘူး ။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားပြီး အိပ်မက်တွေတောင် မက်လို့ ။

သူ မျက်လုံးဖွင့်လိုက်ပေမယ့် သူ့ရှေ့မှာ အမှောင်ထုကြီးပဲရှိတယ် ။ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် သူ့တစ်ကိုယ်လုံးအေးစက်ပြီး  ချွေးစေးတွေပြန်လာတယ် ။ ဒယီးဒယိုင်နဲ့ ထရပ်မိပြီးမှ သူ မအိပ်ခင် တံခါးတွေပိတ် ၊ ကန့်လန့်ကာတွေချပြီး မီးပိတ်ထားတာကို အမှတ်ရသွားတယ် ။

သူ့ သူ့မျက်စိတွေ မကန်းသေးဘူး မဟုတ်လား !

ဘယ်လောက်ပဲ စိတ်တင်းထား‌ပါစေ သူ့ရင်ထဲမှာ ကြောက်လန့်စိတ်လေးတော့ ရှိနေခဲ့တယ် ။

မကြာခင်ပြန်ကောင်းသွားမှာပါ !
ဘာမှမဖြစ်လိုက်ပါနဲ့ !
ဘာဆိုဘာမှ ..........!

သူ့စိတ်ထဲက‌နေ တဖွဖွ ဆုတောင်းနေမိတယ် ။ ယွဲ့ယွဲ့လေး ကြီးပြင်းလာတာကို သူ မြင်ချင်သေးတယ် ။ သူ့အတွက် ဂုဏ်ယူဖွယ်ရာ သားလေးဖြစ်လာမှာကို စောင့်ကြည့်ချင်သေးတယ် ။

ဘုရားမ,လို့ ကျွန်ဝောာ့်မျက်လုံးတွေ ပျက်ဆီးမသွားပါစေနဲ့ !

တုန်ယင်နေတဲ့လက်အစုံနဲ့ မီးခလုတ်ကိုစမ်းကာ ဖွင့်လိုက်ပြီးနောက် နွေးထွေးတဲ့မီးရောင်လေးကိုမြင်မှ ယောက်ယက်ခတ်နေတဲ့ သူ့စိတ်လေး တည်ငြိမ်သွားရတယ် ။

သူ့အစာအိမ်ထဲက တဂွီဂွီ တဂွမ်ဂွမ် အသံတွေ ထွက်လာတာကြောင့် ဂျက်ကက်တစ်ထည် ယူဝတ်ပြီး နာရီကြည့်မိတော့ အချိန်က အတော်လေးကို နောက်ကျနေပြီ ။

သူ မီးဖိုချောင်ကိုသွားကာ စားစရာတစ်ခုခု စီစဉ်ပြီး စားမယ်လို့ တွေးကာ တံခါးဖွင့်ပြီး ထွက်လာခဲ့တယ် ။

အပြင်ရောက်တော့ သူကလွဲပြီး ဘယ်သူမှမရှိဘူး ။ ဒါပေမယ့် ဧည့်ခန်းထဲမှာတော့ မီးရောင်လေးရှိနေတယ် ။ ဧည့်ခန်းရဲ့ ဝါဖျော့ဖျော့ မီးရောင်လေးအောက်မှာ လူတစ်ယောက်လည်းရှိနေတယ် ။ ထိုလူက ကုဖုန်း ။ ကုဖုန်းက suit တောင် မလဲရသေးဘဲ ဧည့်ခန်းထောင့်လေးမှာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်လို့ ။

မီးရောင်ဖျော့ဖျော့လေးအောက်မှာ တစ်ယောက်တည်း ထိုင်နေတဲ့ ကုဖုန်းကိုမြင်တော့ ဘာဖြစ်နေမှန်းမသိပေမယ့် ယုပေါ်ယွင် ထိတ်ခနဲ ဖြစ်သွားတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now