Chapter 169

7K 1.3K 99
                                    

" အား !"

" ဟမ်း !"

"အာ့ !"

" ဖာ့ခ် ! ငါ ယားတယ် ယားတယ်လို့ ..အို့ ! အရမ်း နေလို့ကောင်းတာပဲ..အာ့ ဖီးလ်ပဲ "

အလွန်အမင်းကို ဇိမ်ကျနေတဲ့ အမျိုးကောင်းသားသုံးယောက်အသံက ဧည့်ခန်းထဲမှာ ပျံ့လွင့်နေတယ် ။

ထိုအမျိုးကောင်းသားလေးတွေက ယုပေါ်ယွင် ၊ ပိုင်ရှီရှန်း နဲ့ လုရန်တို့ပါပဲ ။

သုံးယောက်သားက နူးညံ့အိစက်နေတဲ့ဆိုဖာပေါ်မှာထိုင်ပြီး ‌ခြေထောက်အနှိပ်ခံစက်တွေ
ထဲမှာ ‌ခြေထောက်ကိုယ်စီထည့်ထားကြတယ် ။ ခြေထောက်အနှိပ်ခံစက်ထဲကရေက ပူနွေးပြီး စက်ရဲ့ညင်သာတဲ့ တုန်ခါမှုကြောင့် ရေနွေးနွေးလေးတွေက ဘောင်ဘင်ခတ်လို့ ။

သုံးယောက်သားရဲ့ အမူအရာကိုကြည့်ရုံနဲ့ ခံစားချက်က ဘယ်လောက်မိုက်လဲ သိစေနိုင်တယ် ။

" ပေါ်ယွင် .. တော်ပြီလား..နေပါဦးကွ..အာ အာ ! ပစ်မှာဖြင့်ပစ်လေကွာ "

( အနှိပ်ခံရင်း ဖဲရိုက်နေကြသော အောက်ပုဂ္ဂိုလ်သုံးယောက် )

လုရန်က ယုပေါ်ယွင်ပစ်တဲ့ ကဒ်ကို ကောက်စားကာ ယုပေါ်ယွင်ကိုထပ်ပြီး အနှိပ်ခံစေချင်‌စိတ်ပြင်းပြနေသေးတယ် ။

" ငါ အနှိပ်ခံနေတာ ရှစ်ခါတောင်မကတော့.........အာ့ ကောင်းလိုက်တာ !"

လုရန်က ယုပေါ်ယွင်ကို ဖျတ်ခနဲ တစ်ချက်ကြည့်ကာ

" ငါတို့ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ...
ကန့်သတ်ချက်တွေ ..ထိန်းချုပ်မှုတွေရဲ့ ကစားပွဲတွေထဲမှာ ငါတို့ ကြားညပ်ပါနေရတာလေ..ဘယ်လိုတောင် စိတ်ပင်ပန်းခဲ့ရလဲ ..ဒါကြောင့် အဲ့ဒီပင်ပန်းနွမ်းနယ်မှုတွေကို တိုက်ထုတ်ရအောင်လို့  ကောင်းကောင်းကြီ းအနားယူပစ်စမ်းပါကွာ "

ယုပေါ်ယွင်အရမ်းကို လန်းဆန်းနေပြီး ခြေချောင်းလေးတွေကို ကွေးလိုက်မိတယ် ။

ကုန်လွန်ခဲ့တဲ့နှစ်တွေအတွင်း သူ့မှာ နာကျင်မှုဝေဒနာတွေပဲ ခံစားခဲ့ရတာ ။ ဒီလို သက်တောင့်သက်သာနဲ့ စိတ်အေးချမ်းမှုမျိုးကို မခံစားခဲ့ရဘူး ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now