Chapter 177

7.5K 1.4K 58
                                    

နှစ်သစ်ကူးပွဲတော်ပြီးဆုံးသွားပြီဖြစ်တာကြောင့် အားလပ်ရက်တွေလည်း ကုန်ဆုံးသွားပြီ ။ လူတိုင်းလူတိုင်းဟာ နေ့စဉ်စားဝတ်နေရေးအတွက် ပြန်လည်လုံးပန်းကြရပြီဖြစ်တယ် ။ ကိစ္စမျိုးစုံနဲ့ သွားလာနေကြတဲ့ လူပေါင်းစုံကြောင့် နှစ်ကူးကာလအတွင်း တိတ်ဆိတ်ခြောက်ကပ်နေတဲ့ လမ်းမတွေလည်း သက်ဝင်လှုပ်ရှားလို့လာပြီ ။

ယုပေါ်ယွင်လည်း တစ်ပတ်တာ ပြင်ဆင်မှုတွေအပြီးမှာ သူ့ရဲ့ Super Ingot ကို ပြန်လည်ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ ။

ဆိုင်စဖွင့်တဲ့နေ့မှာတင် ကာစတန်မာတွေများလွန်းလို့ ဆိုင်မှာရှိတဲ့ ဝန်ထမ်းလေးယောက်နဲ့တောင် မလောက်ငှတော့ဘူး ။ ယုပေါ်ယွင်ကိုယ်တိုင် ဧည့်သည်တွေကို နေရာလေး ပြေးစီစဉ်ပေးလိုက် ၊ အမှာစာရင်းလေး ပြေးလုပ်လိုက် ၊ မီးဖို‌ဆောင်ဝန်ဆောင်မှုအပြင် စားပွဲထိုးဝန်ဆောင်မှုပါမကျန် ဟိုပြေး ဒီပြေးနဲ့ အင်မတန်ကို အလုပ်များရလေတယ် ။

လူလည်းရှင်းရော နေဝင်ချိန်လည်းရောက်ရော ။ လူလည်း ဖတ်ဖတ်တွေကိုမောရောပဲ ။

ယုပေါ်ယွင် နှဖူးက ချွေးတွေသုတ်ပြီး သူ့ဘေးမှာရပ်နေတဲ့ ဟိဟွေ့ဘက်ကို လှည့်ကြည့်ကာ ပြံးလျက်

" ကြိုတင်စီစဉ်ထားတာတောင် အတော်အလုပ်များသွားတာပဲ..ဟူး တကယ် ပင်ပန်းတယ်နော် "

" ဘော့စ်ရေ ကိုယ့်ကိုယ်ကိုယ် အနားလေးလည်းပေးပါဦး..ဘော့စ်ရဲ့ လတ်တလောခန္ဓာကိုယ်က ဒီလောက်ပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ရည်မရှိလောက်သေးဘူးလို့ ကျွန်မထင်တယ် "

"ရပါတယ် "

ယုပေါ်ယွင် လက်ကလေးခါပြပြီး ကောင်တာနောက်သွားထိုင်ကာ ရေတစ်ခွက်သောက်လိုက်တယ် ။

" ဒီနေ့ မင်းတို့လေးယောက်ရော ငါရော တစ်နေကုန် နားတောင်မနားရသေးဘူး..ဝန်ထမ်းမလောက်လို့ တောင်းပန်ပြီး ပြန်လွှတ်လိုက်ရတဲ့ ကာစတန်မာတွေတောင်ရှိသေးတယ်..ကျစ် ! ခုလို အလုပ်များတဲ့နေ့မျိုးမှာ နောက်ထပ်ဝန်ထမ်းနည်းနည်းလောက် ထပ်ခေါ်ရကောင်းမလားမသိ "

ဟိဟွေ့က အလေးအနက်တွေးတောနေပြီး ယုပေါ်ယွင်‌ရေခွက်ကိုလဲကာ ထပ်မံ၍ အလုပ်များနေပြန်တယ် ။ 

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now