Chapter 251

2.8K 458 6
                                    

နွေဦးကာလချိန်ခါဖြစ်တာကြောင့် ညတာတိုပြီး နေ့တာရှည်တယ် ။ ကုဖုန်းက အရင်လို အစောကြီး အလုပ်ထမသွားတော့ဘူး ။

အရှေ့အရပ်မှ မြင့်တက်လာတဲ့ နေမင်း‌ရောင်ခြည်က ပြတင်းလိုက်ကာကိုဖြတ်ကာ အိပ်ခန်းထဲထိ တိုးဝင်လာတယ် ။

အိပ်ခန်းထဲမှ ကြီးမားကျယ်ပြန့်ပြီး ရှုပ်ပွထနေတဲ့ နှစ်ယောက်အိပ်မွေ့ယာထက်မှာတော့ ကိုယ်တစ်ပိုင်းစောင်လွှမ်းထားတဲ့ လူနှစ်ယောက်က ရင်ချင်းအပ်ကာ ဖက်တွယ်လို့ ။

ကုဖုန်းက ယုပေါ်ယွင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းထားတယ် ။ နှစ်ယောက်လုံးကနိုးနေသော်လည်း အပျင်းတစ်ကာ ဇိမ်ယူကောင်းတုန်း ။

" ဘေဘီ "
ကုဖုန်းက နှုတ်ခမ်းကော့တက်ပြုံးကာ မျက်လုံးအစုံက မည်းမှောင်နေတယ် ။
" မနေ့ညလေးက အရမ်းလှတယ်နော် "

ယုပေါ်ယွင်က စောင်အောက်ကမထွက်ဘဲ ကုဖုန်းကို ခြေထောက်လှမ်းကျွေးလိုက်တယ် (ကန်လိုက်တာ) ။
" စကားတွေမများစမ်းနဲ့ "

" ဒီနေ့တော့ ကိုယ် ကွန်ဒုံးဝယ်ခဲ့မယ် "
ကုဖုန်းက တမင်တကာပင် သူ့ပါးစပ်ကို ယုပေါ်ယွင်နားရွက်နားကပ်ကာ ပူနွေးနွေးလေများ နားရွက်လေးထဲ တိုးဝှေ့ဝင်သွားပြီး တစ်ဖက်လူ အရှက်သည်းစွာနဲ့ ရင်ခုန်စေရန် ပြုမူလိုက်တယ် ။
" ပါကင်လိုက်ဝယ်လာမယ်လေ .. မင်းလေးလိုအပ်ချိန်မှာ မရှိဘူးမဖြစ်ရအောင်လို့ .. မင်းရော လောက်နိုင်မယ်ထင်လား ??"

ယုပေါ်ယွင်မျက်နှာတစ်ပြင်လုံး ပူတက်လာကာ
" ခင်ဗျား ဝယ်ချင်သလောက် ဝယ်......."

ကုဖုန်းအပြုံးကြီးက ပိုပြီးတောက်ပလာတယ် ။

" အရူးကြီးလို ပြုံးမနေစမ်းနဲ့ ခင်ဗျား !!"

ယုပေါ်ယွင်က ကုဖုန်းမျက်နှာပေါ်က မချိုမချဉ်အပြုံးကြီးကို မြင်မိပြီး ရှက်လွန်းလို့ စိတ်တိုတိုနဲ့ ဘုတောလိုက်တယ် ။

" ညတုန်းက ကိုယ့်လက်နဲ့ကိုယ် အာသာဖြေလိုက်ရတာ မမှတ်သေးဘူးလား ဟမ် ?? အခုရော ထပ်ဖြေချင်သေးလို့လား .. မသိရင် သူလိုချင်တာရသွားတဲ့ပုံကြီးနဲ့ ..  လုပ်ပြုံးကြီးက လူနဲ့တောင် မတန်ဘူး !! "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now