Chapter 209(Uni)

4K 765 10
                                    

ညနေခင်း နေကျချိန်မှာ ကောင်းကင်ကြီးက လိမ္မော်ရောင်တောက်ပနေတယ် ။ ပူနွေးတဲ့ ဆည်းဆာနေရောင်က ကမ္ဘာတစ်လွှားကို ဖြန့်ကြက်ကျရောက်လို့ ။ နွေးထွေးပြီး တောက်ပမှုတွေ ဆောင်ကြဉ်းလာပုံက နေ့တစ်နေ့ရဲ့ နေဝင်ဆည်းဆာနဲ့မတူဘဲ စိတ်ကူးယဉ်အိပ်မက်ဘုံထဲရောက်နေတဲ့အလား ။

နန်ရှန်းသင်္ချိုင်းမြေမှာ နွေဦးလေရူးက အေးစက်စက် ဆောင်းနှောင်းအငွေ့အသက်တွေကိုပါ စုပုံသယ်ဆောင်လာပြီး ခပ်ကြမ်းကြမ်းဝေ့ယမ်း တိုက်ခတ်နေတယ် ။

ယုပေါ်ယွင်က အုတ်ဂူရှေ့မှာရပ်နေပြီး အုတ်ဂူပေါ်က စာလုံးတွေကို ကြည်လင်ပြတ်သားစွာ မမြင်ရပေမယ့် သူ့‌အမေက ဒီအုတ်ဂူထဲမှာ ထာဝရလဲလျောင်းနေတယ်ဆိုတာ သိလေတယ် ။

သူက အချိန်အတန်ကြာအောင် တွေတွေကြီးရပ်နေပြီးနောက် ရှေ့ကိုနှစ်လှမ်းတိုးကာ အုတ်ဂူရှေ့မှာ ထိုင်ချလိုက်တယ် ။

" မား အဲ့ဒီမှာ အဆင်ပြေရဲ့လား ဟင် ??"

ယုပေါ်ယွင် တိုးသက်စွာ မေးလိုက်တယ် ။

ညနေခင်းလေညင်းလေးက သစ်ရွက်တွေကို လှုတ်ခတ်သွားစေပြီး တစ်စုံတစ်ရာကို နူးနူးညံ့ညံ့ ပြန်ဖြေလာသယောင် ။

" မား ထွက်သွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီနော် .. ကျွန်တော့်ရဲ့ ပုံပန်းသွင်ပြင်ကိုရော မေ့သွားပြီလား "
ယုပေါ်ယွင် ယဲ့ယဲ့လေး ပြုံးလိုက်တယ် ။
" ကျွန်တော် တောင်းပန်ပါတယ်နော် .. ကျွန်တော် အလုပ်တွေရှုပ်နေခဲ့လို့ပါ .. မမျှော်လင့်ဘဲ ကလေးလေးလည်းရှိလာတော့ ကျွန်ဝောာ် မားကို လာမတွေ့နိုင်ခဲ့ဘူးဖြစ်သွားတယ် .. ဒါပေမယ့် စိတ်မပူပါနဲ့ ..ကျွန်တော် အခု ရောက်လာပြီလေ "

သူက လက်ဆန့်ထုတ်ပြီး အေးစက်နေတဲ့ အုတ်ဂူကို ထိကိုင်လိုက်တယ် ။

" မား ကြည့်ပါဦး ..ဒါ မားရဲ့ မြေးငယ်လေးလေ..သူ့နာမည်က ယွဲ့ယွဲ့ .. ရေစက်ပါလာတော့ သူ နဲ့ ကျွန်တော်က သားအဖဖြစ်ရုံတင်မကဘူး ..မွေးနေ့ မွေးရက်ကလည်း တစ်ရက်တည်းပဲ ..ဒါက တိုက်ဆိုင်မှုလို့ မား ပြောမှာလား .. သူ့ရဲ့ မျက်နှာသေးသေးလေးကို ကြည့်ပါဦး .. သူ့ရဲ့ လက်လေးတွေကလည်း ..........."

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now