Chapter 191

6.8K 1.1K 73
                                    

လုရန်းက လုရန်ဆီကို လျှောက်လာပြီး ထိုင်ချလိုက်တယ် ။ သူ့ပုံစံက အရမ်းတည်ငြိမ်နေတယ် ။

ရှောင်းဝူတန်အဖေရင်းကတော့ နောက်မိန်းမနဲ့ရတဲ့သားကို ချီလို့ ။ အဖေက ရည်ရည်မွန်မွန်နဲ့ ကလေးက အတော်လေးချစ်စရာကောင်းပြီး အဖေတူသားလေး ။

ဒါပေမယ့် ဒီလူ ဘယ်လောက် အာဏာရှင်ဆန်ပြီး ရွံစရာကောင်းလဲဆိုတာ ရှောင်းဝူတန်တစ်ယောက်တည်းပဲ သိတယ် ။

ရဲအရာရှိက ပြစ်မှုမှတ်တမ်းကို သူတို့အုပ်စုထံပေးလိုက်ပြီး

" ပြည်တွင်းဥပဒေအရတော့ ဒီပြစ်မှုအတွက် ကြီးလေးတဲ့ပြစ်ဒဏ်မျိုး ချမှတ်မထားဘူး ..အဲ့ဒါကြောင့် ကိုယ်ထိလက်ရောက်ကျူးလွန်သူနှစ်ယောက်က ခံဝန်လတ်မှတ်ထိုး.. ပြီးရင် မုန်းစကိုတိုစေ ချစ်စကိုရှည်စေဆိုသလိုပေါ့ ..  ခင်ဗျားတို့အချင်းချင်းလည်း အမုန်းပွားမနေဘဲ နှစ်ဦးနှစ်ဖက် ကျေအေးလိုက်ကြပါ ..ထပ်ပြီး  မင်းတို့နှစ်ယောက်ကို  အကြံပေးရရင် နောက်ဆို အများသူငါ ‌ငြိမ်းချမ်းစွာ နေထိုင်ကြတဲ့နေရာမှာ ခုလို အနှုတ်သဘောဆောင်တဲ့ အပြုအမူတွေ မလုပ်ပါနဲ့ ..ရန်လိုတာ မကောင်းဘူး .. လက်မပါကြနဲ့ ..စကားနဲ့ပဲ အေးအေးဆေးဆေး ဆွေးနွေးညှိနှိုင်းကြပါ "

ရှောင်းဝူတန် ရင်ကိုကော့ပြီး အေးစက်စွာ နှာမှုတ်လိုက်တယ် ။

"ဟွန်း "

လုရန်းက တစ်ဖက်မှာရပ်နေတဲ့ ရှောင်းဝူတန်အဖေကို တစ်ချက်ကြည့်ကာ ရဲအရာရှိကို ပြောလိုက်တယ် ။

" ကျွန်ဝောာ်တို့ နားလည်ပါပြီ ..ကျေးဇူးပါ ရဲအရာရှိမင်းခင်ဗျ "

(Fuck ! စွရဲတွေ စွကျက်သရေကို မရှိဘူး ..စစ်ခွေး ရဲခွေးအားလုံး 🤌🤌🤌..ရိုင်းသွားရင် sorry ကိုယ့်ကလေးတွေ )

ရှောင်းဝူတန်အဖေက ဆန်းဆန်းပြားပြားအပြုံးကြီးပြုံးပြီ

" ကျွန်ဝောာ် တစ်ခုလောက်ပြောပါရစေဦး အရာရှိမင်းခင်ဗျ ..လက်ရောက်မှုစတင်ကျူးလွန်သူက ညစ်စုတ်တဲ့ ဟိုမိုကောင်ပါ ..သူ့ဘေးကနှစ်ယောက်လည်း အတူတူပဲ ..သူတို့က ဒီပုပ်ထဲက ဒီပဲတွေပါ..အရာရှိအနေနဲ့ အဲ့လိုလူမျိုးတွေကို စစ်ဆေးမေးမြန်းချင်စိတ်လေး မရှိဘူးလား .. သူတို့က စေ့စပ်ထားတာလေ..အစိုးရက လိင်တူချင်းယူတာကို ပြင်းထန်တဲ့ဥပဒေတွေချမှတ်ထားပြီး ပြစ်မှုကြီးအဖြစ် သဘာဝကျကျ သတ်မှတ်ထားတာပဲ.. အဲ့ဒါကိုတောင် သူတို့က အတင့်ရဲလို့ !..ပြီးတော့ သူတို့တွေက တစ်မိသားစုလုံးကိုလည်း အရှက်ရစေတယ်လေ ..ကျွန်ဝောာ် ထင်တာ........."

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now