Chapter 187

7K 1.3K 26
                                    

ကုဖုန်းက ယုပေါ်ယွင် ထုပ်ပိုးထားတဲ့ အထုပ်အပိုးတွေကို လက်တစ်ဖက်ကကိုင် လက်တစ်ဖက်က ယုပေါ်ယွင်ကိုဖေးမကာ ဆေးရုံသို့ ရောက်ရှိလာတယ် ။ ကျန်တဲ့ပစ္စည်းတွေကိုတော့ အကူတစ်ယောက်က ကူသယ်ပေးတယ် ။

ယုပေါ်ယွင် မျက်လုံးက မှုန်တိမှုန်တုန်နဲ့ ဝေဝေဝါးဝါးပဲဖြစ်နေတာကြောင့် ဖုန်းလည်းမသုံးရ ၊ TV လည်းမကြည့်ရ ။ သီချင်းနားထောင်ရင် ထောင် ၊ မထောင်ရင် အိပ် ။ အဲ့ဒါကလွဲပြီး ဘာမှလည်းလုပ်စရာမရှိတာကြောင့် သူအရမ်းကို ပျင်းနေပြီ ။

ကုဖုန်းက ယုပေါ်ယွင်ဘေးမှာထိုင်ပြီး Laptopတစ်လုံးနဲ့ ကုမ္ပဏီအလုပ်တွေကို လုပ်နေတယ် ။

ကုဖုန်း အလုပ်တစ်ခုပြီးသွားချိန်မှာ ခေါင်းမော့ကြည့်လိုက်တော့ ယုပေါ်ယွင်က အိပ်ရာထက်မှာ ငုတ်တုတ်လေး ။

ကုဖုန်း မျက်ခုံးပင့်ကာ

" ဘာလို့လဲ ..အိပ်မပျော်ဘူးလား "

" မပျော်ဘူး "

ယုပေါ်ယွင် ခေါင်းခါပြတယ် ။ သူ့မျက်နှာလေးကလည်း အနည်းငယ် ကသိကအောက်ဖြစ်နေပုံရတယ် ။

" ဗိုက်ဆာလို့လား ..ဘာစားချင်လဲ "

ကုဖုန်း အဲ့ဒီလူသားလေးကို ရင်ခွင်ထဲထည့်ကာ တင်းနေအောင် သိမ်းပွေ့လိုက်တယ် ။

ဘာရယ်ကြောင့်မှန်းမသိစွာပဲ ကုဖုန်းရဲ့ ရင်ငွေ့နွေးနွေးက ယုပေါ်ယွင်ရဲ့စိတ်ကို အနည်းငယ် သက်သာရာရစေတယ် ။

တစ်ချိန်ကတော့ သူက ကုဖုန်းအနားကနေ ထာဝရထွက်ခွာသွားချင်ခဲ့တာ ။ ဒါပေမယ့် ဒီရက်ပိုင်းတွေမှာ ကုဖုန်းရဲ့ဂရုစိုက်မှုတွေကြောင့် တင်းမာနေတဲ့ သူ့သဘောထားတွေ နည်းနည်းတော့ပျော့ပျောင်းလာခဲ့တယ် ။ အခု မျက်စိပြဿနာဖြစ်နေချိနိအတွင်းမှာလည်း ကုဖုန်းက သူ့အနားမှာ အချိန်တိုင်းလိုလိုရှိနေပေးခဲ့တယ် ။

အမှောင်ထုထဲရောက်နေတဲ့သူ့ကို ကုဖုန်းက လက်ကမ်းပေးခဲ့ပြီး သူ့လက်တွေကို
တင်းတင်းဆုပ်ကိုင်ထားကာ လုံးဝလွှတ်မပေးခဲ့ဘူး ။ ထိုအခိုက်အတန့်တိုင်းမှာ သူ့စိတ်တွေလည်း ငြိမ်းအေးရာရသွားခဲ့တာချည်းပဲ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now