Chapter 154 + 155

8.7K 1.5K 53
                                    

မီးရောင်မှိန်ဖျော့ဖျော့အခန်းထဲမှာ ကုဖုန်းတစ်ယောက်တည်း ။ သူ့ရဲ့ အသက်ရှူသံကို ပီပီသသ ပြန်ကြားနေရတယ် ။

ပျော့အိနူးညံ့တဲ့ အိပ်ရာထက်မှာ လဲလျောင်းရင်း သူ့ခေါင်းတွေ ချာချာလည်ပြီး သူ့နှလုံးသားထဲမှာ ဗြောင်းဆန်နေဆဲ ။

အပြင်က တစ်စုံတစ်ယောက်တီးမှုတ်နေတဲ့ saxophone သံကို လေအ​ဝေ့မှာ
တစ်ခါတရံ ခပ်သဲ့သဲ့ကြားနေရတယ် ။ ဘာသီချင်း ဘာသံစဥ်ဆိုတာ သူ မသိပေမယ့် ညလေအေးထဲ လွင့်မျောနေတဲ့ ဒီသံစဥ်ကတော့ အတော်ကို လွမ်းဆွတ်ဆွေးမြေ့ဖွယ် ။

ကုဖုန်း တံတွေးမြိုချလိုက်တယ် ။ သူ့တစ်ကိုယ်လုံး ပူခြစ်နေပြီး လည်ချောင်းတွေလည်း ခြောက်သွေ့အက်ကွဲလို့ ။

ရှည်လျားလှစွာ စောင့်ဆိုင်းခြင်းနောက်မှာ
လျှောက်လှမ်းလာတဲ့ ခြေသံဖွဖွကို ကြားလိုက်ရတယ် ။ ယုပေါ်ယွင်က တံခါးတွန်းဖွင့်ပြီး ဝင်ရောက်လာတယ် ။ ရေတစ်ခွက်နဲ့ ဆေးပြားတစ်ပြားကို ယူလာကာ
"ပါးစပ်ဟပြီး ဆေးသောက်လိုက် "

လဲလျောင်းရာက မတ်မတ်ထိုင်နိုင်ဖို့တောင် ခက်ခက်ခဲခဲ ကုဖုန်း ကြိုးစားလိုက်ရတယ် ။ သူ့နှဖူးပြင်မှာ ချွေးတောင်စို့လို့ ။ ပြီးတော့ သူ့ အိပ်ရာရှေ့မှာထိုင်နေတဲ့ ယုပေါ်ယွင်ကို ရေးရေးလေးပြုံးကာ
"ကျေးဇူးပါ "

"မလိုပါဘူး "
ယုပေါ်ယွင်အသံက နည်းနည်းတော့ ကိုးရိုးကားရား ။

ယုပေါ်ယွင်လက်ထဲမှာ ကုကျားယွဲ့လေး နိုးနေပေမယ့် ဒီတစ်ကြိမ်တော့ စိတ်ကောင်းဝင်နေပုံပဲ ။ တစ်စက်လေးတောင် မငိုဘူး ။ ဒါပေမယ့် တစ်ချက်လေးမှလည်း ငြိမ်မနေဘူး ။ ဖောင်းတစ်တုတ်နေတဲ့လက်ကလေးတွေနဲ့ ယုပေါ်ယွင်ရဲ့ အင်္ကျီကို ဆုပ်ကိုင်ထားပြီး နီနီရဲရဲ နှုတ်ခမ်းသေးသေးလေးက ဝူးဝူးဝါးဝါးနဲ့ ဘာတွေပြောနေမှန်းမသိဘူး ။

ကုဖုန်းက ယုပေါ်ယွင်လက်ထဲက ရေနွေးပူနဲ့ ဆေးကိုယူကာ တစ်ခါတည်း သောက်လိုက်တယ် ။ တဂွတ်ဂွတ်နဲ့ ရေနွေးပူတွေ မြိုချပြီး ယုပေါ်ယွင်ချီထားတဲ့ ကုကျားယွဲ့လေးကိုကြည့်ကာ ခြောက်ကပ်ကပ် လေသံနဲ့ ဆိုလေတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now