Chapter 253

2.5K 413 4
                                    

ထိုနေ့ညနေမှာ ယုပေါ်ယွင်ကို အကြိုရောက်လာတဲ့ ကုဖုန်းမျက်နှာက အရင်နေ့များနဲ့မတူ သိသိသာသာ ထူးခြားဆန်းပြားနေတယ် ။

ယုပေါ်ယွင်ပုံစံကတော့ အေး‌အေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ။ ကုဖုန်းကို ကွန်ဒုံးပေးထားတာ သူမဟုတ်တဲ့အတိုင်းပဲ ။

ကုဖုန်းအတွက် အရင်က ဒီလိုနှိုးဆွမှု‌မျိုး မကြုံဖူးတာ မဟုတ်ဘူး ။ ကွန်ဒုံး , ချောဆီ အစရှိသဖြင့် လိင်မှုဆိုင်ရာပစ္စည်းပေါင်းစုံပေးပြီး မြှူဆွယ်တာတစ်မျိုး ၊ သူ့ရှေ့ ကိုယ်လုံးတီးချွတ်ပြပြီး ဖြားယောင်းသွေးဆောင်တာတစ်ဖုံ အမျိုးမျိုး ကြုံဖူးခဲ့တယ် ။ အဲ့ဒါတွေကို သူ့ရဲ့တုံ့ပြန်မှုက တသမတ်တည်း ။ စိတ်ကြွမလာတဲ့အပြင် စပ်ဆုပ်ရွံရှာစိတ်တွေ တဖွားဖွား ပေါ်လာတာ ။

ဒါပေမဲ့ အဲ့ဒါက ယုပေါ်ယွင်ဆိုရင်တော့ ................

ကုဖုန်း မျက်နာကြီး ရဲနေတာပဲ ။ သူ ဝန်မခံချင်ပေမဲ့ ယုပေါ်ယွင်ရဲ့ မသိမသာ ဖြားယောင်းမှုလေးကြောင့် သူ့မှာ တစ်နေ့ခင်းလုံး မရိုးမရွ နိုးကြားတက်ကြွပြီး အောင့်တောင်အောင့်နေပြီ ။ အတွေး‌တွေလည်း မိုးမလင်းတော့ဘူး (မှောင်နေတာ)။

ကုဖုန်းက ကားမောင်းသူနံဘေးခုံမှာ ယုပေါ်ယွင်ကို ထိုင်စေပြီး ကားတံခါးပိတ်လိုက်တယ် ။

သူက ကားစက်နှိုးဖို့ အလျင်လိုမနေဘူး ။ အဲ့ဒိအစား ယုပေါ်ယွင်ရဲ့ ဘေးတိုက်မျက်နှာကို လှည့်ငေးပြီး
" နေ့လည်က မင်း ထည့်ပေးလိုက်တဲ့ဟာလေ ....."

ယုပေါ်ယွင် ပြုံးနေလျက် ။
" ဪ .. အဲ့ဒီတော့ ??"

ကုဖုန်းက ကွန်ဒုံးထုပ်လေး လက်ထဲဆုပ်ကာ မေးတယ် ။
" က‌လေးလေး , ဒီဟာရဲ့ အဓိပ္ပါယ်က ......."

ကုဖုန်းလက်ထဲက ကွန်ဒုံးထုပ်ကို ယုပေါ်ယွင် ဆတ်ခနဲလှမ်းယူကာ ဆွဲဆောင်မှုရှိရှိပြုံးပြီး ထိပ်ပိုင်းလေးကို သွားနဲ့ကိုက်ဖောက်လိုက်တယ် ။

အဲ့ဒီမြင်ကွင်းက ကုဖုန်းရင်ထဲက ဆန္ဒမီးတွေကို တဝုန်းဝုန်း တောက်လောင်လာစေတယ် ။ လောင်ကျွမ်းလွန်းမက လောင်ကျွမ်းပြီး အပြင်ထိ ဝုန်းခနဲ ပေါက်ကွဲထွက်လုမတတ်ပဲ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now