Chapter 176

7.7K 1.4K 115
                                    

ယုပေါ်ယွင်က အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေပွင့်လာခဲ့တယ် ။ သူ့ခေါင်းတစ်ခုလုံးလည်း ပေါက်ကွဲလုမတတ်ကို ကိုက်ခဲနေတာပဲ ။

သူ အိပ်ချင်စိတ်မပြယ့်တပြယ်နဲ့ အတင်းကုန်းရုန်းပြီး ငုတ်တိုင်လေးထထိုင်လိုက်တယ် ။ နွေးထွေးနဲ့နေရောင်ခြည်က ပြတင်းပေါက်ကိုဖြတ်ပြီး ကြမ်းပြင်ထက်မှာ နေပြောက်လေးတွေ ဟိုတစ်ပြောက် ဒီတစ်ပြောက် ထိုးလို့ ။

ယုပေါ်ယွင် ပါးစပ်ဟလိုက်ပြီး ‌ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေကို စွတ်စိုသွားစေဖို့ လျှာလေးနဲ့သပ်လိုက်တယ် ။ ထို့နောက် သန့်ရှင်းရေးလုပ်ရန်အတွက် စောင်ကိုမ,ပြီး ထရန်ပြင်တယ် ။

စောင်ကိုမ,မချင်းမှာပဲ ယုပေါ်ယွင်လေး ကြက်သေသေသွားရလေတယ် ။

သူ့ကိုယ်မှာ ဘောင်းဘီတိုလေးတစ်ထည်ပဲရှိပြီး ကျန်တဲ့နေရာက လုံးဝဟာလာဟင်းလင်း ။

သူ နောက်ပြန်ဆုတ်ပြီး ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တယ် ။ 

သောက်ပလုတ်တုတ် !

သူ့ဘေးမှာ သူ့လိုပဲ ကိုယ်လုံးတီးနဲ့ ယောက်ျားတစ်ယောက် ဆန့်ဆန့်ကြီး အိပ်ပျော်နေတယ် ။

ကုဖုန်း ?!

တစ်ယောက်တည်း ကမ္ဘာပျက်နေတဲ့ ယုပေါ်ယွင်ကြောင့် ကုဖုန်းနိုးလာပြီး မျက်လုံးတွေကို ပျင်းပျင်းရိရိဖွင့်လာတယ် ။

" မင်္ဂလာနံနက်ခင်းလေးပါ "

ယုပေါ်ယွင်က ကုဖုန်းကို သရဲတစ်ကောင်လိုကြည့်ပြီး

" ခင်ဗျားက ဘာလို့ ဒီမှာ လာသေနေတာလဲ "

ကုဖုန်း ထထိုင်လိုက်တယ် ။ သူ့ကိုယ်ဟန်က ကျောက်တိုင်ကြီးလိုပဲ ။ ရင်ဘတ်က မာမာကျစ်ကျစ် ကြွက်သားကြီးတွေပေါ်မှာ နေရောင်ခြည်တွေ ဖြာကျနေပြီး သန်မာအားကောင်းတဲ့အမျိုးသားဟော်မုန်းတွေက လျှံကျလုလု ။

" မနေ့ညက မင်း မူးသွားတာလေ..ငိုလည်းငိုတယ် ..အန်လည်းအန်တယ်..ကိုယ်သာ စောင့်ကြည့်မနေရင် မင်းတစ်ယောက်တည်း ဒုက္ခရောက်နေမှာပေါ့ "

" အမ် ! ခင်ဗျားကို မလို.........."

ယုပေါ်ယွင် စကားဆက်မပြောနိုင်တော့ဘူး ။
ကုဖုန်း လည်ပင်းက ကိုက်ရာကြီးက သူ့ကို ဆွဲဆောင်သွားတယ် ။ ဒဏ်ရာကတော်တော်နက်ပြီး သွားရာကအကွင်းလိုက် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now