Chapter 179

6.3K 1.3K 32
                                    

ဆရာဝန်ရဲ့ နှစ်သိမ့်စကားတွေက သံသယဖြစ်ဖွယ်မရှိပါဘူး ။ သို့ပေမယ့် ပေါ့ပေါ့တန်တန်လည်း ထားလို့မရပြန်ဘူး ။

ယုပေါ်ယွင် အိမ်ပြန်လာခဲ့ပေမယ့် သူ့ရင်ထဲမှာတော့ မအေးချမ်းလှဘူး ။

အိမ်ပြန်ရောက်တော့ ဦးလေးလီက ငိုနေတဲ့ ကျားယွဲ့လေးကိုပွေ့ထားပြီး ချော့နေတယ် ။
အိုမင်းနေတဲ့လူအိုကြီးက ကလေးငယ်လေးအငိုတိတ်အောင် တိရစ္ဆာန်အသံမျိုးစုံလုပ်ပြပြီး ချော့နေတာ ။ ဦးလေးလီပါးစပ်က ကြောင်အော်သံ ၊ ခွေးဟောင်သံ ၊ ကျားဟိန်းသံ အစရှိသဖြင့် အသံပေါင်းစုံ ထွက်နေတာကြောင့် ကုကျားယွဲ့လေး အငိုတိတ်သွားပြီး မျက်ဆံနက်နက်လေးတွေ ပြူးနေကာ မျက်တောင်မခတ်ဘဲ ငေးနေတော့တယ် ။ ငိုနေတာကိုမေ့ပြီး နှုတ်ခမ်းရဲရဲသေးသေးလေးနဲ့ တခစ်ခစ်ရယ်နေလေတယ် ။

ကုကျားယွဲ့လေး ရီနေတာကိုတွေ့မှ ဦးလေးလီလည်း သက်ပြင်းချနိုင်တော့တယ် ။ ပြီးတော့ ကလေးနဲ့အပြိုင် သူပါ အူမြူးနေတယ် ။

" ဦးလေး လီ "

ယုပေါ်ယွင် သူ့ပစ္စည်းတွေကို ညင်သာစွာချလိုက်ပြီး

" ကျွန်တော် ချီလိုက်မယ် "

" ကောင်းပါပြီ "

ဦးလေးလီက ကုကျားယွဲ့လေးကို ယုပေါ်ယွင်လက်ထဲ ဂရုတစိုက်ထည့်ပေးကာ

" ဒီကလေးလေးက အရမ်းသွက်တယ်..အရမ်းလည်း ချစ်စရာကောင်းလွန်းတယ် "

ယုပေါ်ယွင် သားတော်မောင်ရဲ့ နူးညံ့ပြီး ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေးကို ငုံ့ကြည့်ပြီး ရင်ထဲမှာ နွေးလာတယ် ။

" ယွဲ့ယွဲ့ , ဦးလေးလီက ဘယ်လိုတောင် ကြင်နာတတ်လဲ ကြည့်ပါဦး "

ဦးလေးလီက လက်ကိုရမ်းကာ

" ရှောင်ယုလေးရယ် , ဦးလေး မဟုတ်ပါဘူးကွာ..အဖိုးအရွယ်ဖြစ်နေပါပြီ ဟား ဟား ဟား "

ယုပေါ်ယွင် ခပ်ရေးရေးလေးပြုံးပြီး ကျားယွဲ့လေးကို diaper လဲပေးလိုက်တယ် ။ သူ့လှုပ်ရှားမှုတွေက လျင်မြန်သွက်လက်စွာ ။
ထို့နောက် နို့ဗူးဖျော်တိုက်ပြီး ကျားယွဲ့လေးကို ချော့သိပ်လိုက်တယ် ။ ကျားယွဲ့လေး အိပ်ပျော်သွားမှ ညစာစားဖို့ပြင်ဆင်ရလေတယ် ။ ဦးလေးလီကိုတော့ အနှောင့်အယှက်မပေးချင်ဘူး ။ ဒါကြောင့် ရေခဲသေတ္တာထဲမှာရှိတာတွေပဲ ကြော်လှော်စားလိုက်တော့တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now