Chapter 189

6.6K 1.3K 46
                                    


*188 မှာ လတ်မှတ်ကို လက်မှတ်လို့ ပြင်ဖတ်ပေးနော် *

___________________________________

ကုဖုန်း နက်ခ်တိုင်ကို အဆုံးထိ ဖြေလျော့ချလိုက်တယ် ။ သူ မမေ့နိုင်သေးပါဘူး အတိတ်နေ့ရက်တွေကို ။ သူ့ရင်ထဲမှာလည်း အမျိုးအမည်မသိတဲ့ တစ်စုံတစ်ရာက လာရောက်ထိတွေ့နေသလို ။

ပြီးခဲ့တဲ့ ငါးနှစ်မှာ သူ့မွေးနေ့တိုင်း ယုပေါ်ယွင်ဟာ အကောင်းဆုံးကြိုးစားပြီး ပြင်ဆင်ပေးခဲ့တယ် ။ သူ ပျော်ရွှင်ဖို့ ၊ သူ စိတ်ချမ်းသာဖို့ပဲ အဲ့ဒီလူသားလေးတွေးတယ် ။ သူ့အတွက် လက်ရာကောင်းတွေချက်ပြုတ်ပေးချင်လို့ စားဖိုမှူးသင်တန်း ၊ ကိတ်မုန့်ဖုတ်သင်တန်း အစရှိတာတွေတက်ပြီး ထူးချွန်သင်တန်းသားလက်မှတ်တောင်ရခဲ့တယ် ။

ကုဖုန်းက မွေးနေ့ဆိုတာကို တခုတ်တရမရှိလှဘူး ။ ပြောရရင် မွေးနေ့ပဲ ဘာလုပ်ရမှာလဲလို့တောင် မကျေမချမ်းတွေးတတ်ခဲ့တဲ့လူ ။

ဒါပေမယ့် ယုပေါ်ယွင်ကတော့ သူ့မွေးနေ့အတွက် အရသာရှိတာတွေ ချက်ပြုတ်ကျွေး ၊ စေတနာအပြည့်နဲ့ ကိုယ်တိုင်ဖုတ်ပေးထားတဲ့ ကိတ်မုန့်လှလှလေးတွေ စသဖြင့် အမျိုးမျိုးသော စပရိုက်တွေကို ကြိုတင်ပြင်ဆင်ပေးခဲ့တာ ။ သူ မမျှော်လင့်ထားတာမျိုးတွေတောင်ပါသေးတယ် ။

ကုဖုန်းက ထုံးစံအတိုင်း မွေးနေ့ဆိုတာကြီးကို လှောင်ပြောင်နေခဲ့သော်လည်း ....ပြောရမယ်ဆိုရင် ယုပေါ်ယွင်ပြင်ဆင်ပေးတဲ့ စပရိုက်တွေက သူ့ကို အလွန်တရာ စိတ်ရွှင်လန်းစေတယ် ။ သူ တစ်ခါတစ်ရံမှသာ သတိတရရှိတတ်တဲ့ သူ့မွေးနေ့က ယုပေါ်ယွင်ကြောင့်သာ  အမှတ်ရစရာတွေ ဖြစ်လာခဲ့ရတာ ။

ဒါပေမယ့် အတိတ်က အတိတ် ၊ ပစ္စုပ္ပန်က ပစ္စုပ္ပန်ပါပဲလေ !

အတိတ်က ယုပေါ်ယွင်က သူ့ကိုပဲ အရိပ်တကြည့်ကြည့်နဲ့ အရာရာဖြည့်ဆည်းပေးခဲ့တယ် ။ အရာရာ ကောင်းပေးခဲ့တယ် ။ ယခု သူ, ကုမျိုးနွယ် ကုဖုန်းရဲ့ အလှည့်ပေါ့ ။ ယုပေါ်ယွင် နဲ့ သူက နေရာချင်း ချိန်းသွားခဲ့ပြီ ။

အခုယုပေါ်ယွင်ကလေ သူ့ကိုဆို လျစ်လျူရှုပြီးရင်း ရှုနေတော့တာ ။ ဒါပေမယ့် သူကတော့ ခွေးတစ်ကောင်လို ယုပေါ်ယွင် သွားရာနောက် တစ်ကောက်ကောက်လိုက်ပြီး အကောင်းတကာ့အကောင်းဆုံး ပြုမူဆက်ဆံနေရပြီ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now