Chapter 212

6K 966 21
                                    

လုရန်းက လုရန်ကို အကြင်နာမျက်ဝန်းတွေနဲ့ကြည့်ပြီး လုရန် စိတ်သက်သာရာရအောင် ကျောပြင်ကို ပုတ်ပေးလိုက်တယ် ။

" ဒီခရီးက မလွယ်မှန်း ကိုယ်သိပါတယ် .. ဒါပေမယ့် ကိုယ်ရှိနေသရွေ့ မင်း စိတ်ချမ်းမြေ့စွာ နေစေရမယ် "

လုရန်းအသံက အလွန့်အလွန် သာယာညှင်းပျောင်းကာ ရေပြင်ပေါ် ခဲတစ်လုံးရှပ်တိုက်ပြေးသွားချိန် ဆတ်ခနဲ လှုပ်ခတ်သွားတဲ့ လှိုင်းကြက်ခွပ်လေးလိုပဲ ။

လုရန်မျက်ဝန်းတွေက စိုစွတ်၍နေဆဲ ။ ဒါပေမယ့် လုရန်းစကားတွေကြားတဲ့အခါ ဒေါသထွက်ထွက်နဲ့ လုရန်းရင်ဘတ်ကြီးကို ပိတ်ရိုက်ပြီးမှ ပြုံးကာဆိုလိုက်တယ် ။

" ကျွန်တော်က လုံခြုံပြီးသား ..ကိုယ့်နှုတ်ခမ်းထောင့်သာ ကိုယ်ပြန်ကြည့် .. အရိုက်ခံရပြီး အညိုအမဲတောင် ဆွဲ .........."

" ဒဏ်ရာသေးသေးလေးပါကွာ .. ကိုယ် အဆင်ပြေပါတယ် "

လုရန်းက လုရန်ခေါင်းလေးကို မလွတ်တမ်း ဆုပ်ကိုင်ထားတယ် ။

" မနက်ဖြန်ညကျရင် ကိုယ်တို့မိသားစုတွေ စားသောက်ဆိုင်မှာ ဆုံကြဖို့ ချိန်းထားတယ် .. ကိုယ့်အဖိုးက ကိုယ့်ကိုလည်း လာခိုင်းထားတယ် .. ကိုယ်တို့အတူတူသွားရအောင်လေ .. အဆင်ပြေလား "

လုရန် ခေတ္တမျှစဉ်းစားပြီး ခေါင်းညိတ်လိုက်တယ် ။

လုရန်းအဘိုးကို သူ တကယ်ကြီး ကြောက်တယ် ။ လုဘိုးဘိုးက နာမည်ဂုဏ်သတင်းကျော်ဇောပြီး အာဏာလည်းအပြည့်ရှိတယ် ။

ဒါပေမယ့် သူ လုရန်းနံဘေးမှာနေရတာကို ပိုနှစ်သက်တယ် ။ သူတို့နှစ်ယောက် အတူရှိနေသမျှ ဘယ်အရာကိုမှ ကြောက်ရွံ့မနေတော့ဘူး ။

လုရန်းက လုရန်ခေါင်းကို သူ့ဘက်ဆွဲလှည့်ပြီး နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်တယ် ။

" လိမ္မာလိုက်တဲ့ ကိုယ့်ကောင်လေး , ရေသွားချိုးတော့ သွား "

လုရန်က နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေကို သပ်တင်ပြီး

" ကျွန်တော်က ချိုးပြီးပြီ .. ကိုယ်လက်သန့်စင်လိုက်ရုံပဲ "

" နည်းနည်းလောက် ထပ်ပြီးသန့်စင်လိုက်ပါကွာ "
လုရန်းမျက်လုံးတွေက အနည်းငယ် အရောင်ပြောင်းနေတယ် ။
" သွား သန့်စင်လိုက်နော် "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now