Chapter 201+202

6.6K 1.2K 64
                                    

ကုဖုန်းရဲ့ အားနာခြင်းကင်းစွာ ဟန့်တားမှုကြောင့် အမျိုးသားကြယ်ပွင့်သရုပ်ဆောင်က ရှက်ကိုးရှက်ကန်းနဲ့ လက်ပြန်ရုပ်သွားပြီး ဘာကိုမှမကြားလိုက်သကဲ့သို့ ဟန်ဆောင်ကာ ကုဖုန်းနဲ့ ခွက်ချင်းတိုက်လိုက်တယ် ။ ထို့နောက် သက်ပြင်းချကာ ပြောတယ် ။

" လူကြီးမင်းကုက လူငယ် ပါရမီရှင်ပဲ .. ကု လုပ်ငန်းစုကြီးကို အကောင်းဆုံး ဦးဆောင်ဦးရွက်ပြုသွားနိုင်မယ်ဆိုတာ ကျွန်တော် အမှန်တကယ် ယုံကြည်တယ် .. ကျွန်ဝောာ် အရမ်းကို လေးစားအားကျမိတယ်ဗျာ .."

ကုဖုန်းက ထိုလူကို ခေါင်းညိတ်ပြပြီး ပြောလိုက်တယ် ။

" မှားနေပါပြီ..ကျုံးကောင်းကမှ လွှမ်းမိုးနိုင်သူပါ .. သူက ကျွန်တော့်ထက်ပိုပြီး အတွေ့အကြုံများတယ်လေ ..ကျွန်ဝောာ်က အများကြီး လိုပါသေးတယ် "

ကုဖုန်းက အကူအညီမဲ့စွာ ခေါင်းတခါခါနဲ့  ရည်ရွယ်ချက်ရှိရှိ ကျုံးကောင်းဘက်ကို မြှားဦးလှည့်ပေးလိုက်တယ် ။

ကုဖုန်းစကားကြောင့် ကျုံးကောင်း ဝင်မပါလို့မရတော့ဘူး ။ သူက ချောမောလှတဲ့ အမျိုးသားကြယ်ပွင့်သရုပ်ဆောင်ကို ပြီတီတီကြည့်ပြီး ကုဖုန်းကို ပြောလိုက်တယ် ။

" စီးပွားရေးလောကရဲ့ နံပါတ်တစ် မင်းသားလေး ကုဖုန်းနဲ့ နှိုင်းယှဉ်ဖို့ ကျွန်တော့်မှာ ဘာအရည်အချင်းမှမရှိပါဘူးဗျာ .. သူက ငယ်တယ် ..အရမ်း ငယ်သေးတယ် .. အသက်ငယ်ငယ်‌လေးနဲ့ ချောမောခန့်ညားမှုရော အောင်မြင်မှုမှာပါ အထွတ်အထိပ်ရောက်နေတာ ..ဟားဟား ..လူကြီးမင်းကုရေ လူဘယ်လောက်များများက ခင်ဗျားကို အားကျနေကြလဲ ခင်ဗျား မသိပါဘူး "

ကုဖုန်းက ကျုံးကောင်းရဲ့ လေသံအပြောင်းအလဲကို နားထောင်ပြီး ဒါကို ဘယ်လိုဖြေရှင်းရမလဲ တွေးနေတယ် ။ တစ်ဖက်ခြမ်းမှာထိုင်နေတဲ့ အမျိုးသားကြယ်ပွင့်ကလည်း စကားတွေ ဆိုလာတယ် ။

သူ့အသံက ပရော်ဖက်ရှင်နယ်ကျကျ လေ့ကျင့်ထားတဲ့ပုံမျိုး ။ ကုဖုန်းရဲ့ ပင်ကိုယ်သဘာဝသံလိုက်လိုအသံမျိုး မဟုတ်ဘဲ တမင်တကာ လုပ်ယူထားတဲ့အသံကြီးနဲ့ ။

" ဥက္ကဌကုရဲ့ နာမည်ဂုဏ်သတင်းက တချို့နာမည်ကြီးတွေထက်တောင် သတင်းမွှေးပါသေးတယ် .. ခင်ဗျားရဲ့ အရည်အချင်းကို ယှဉ်နိုင်တဲ့လူမရှိပါဘူး ..ခင်ဗျားမှာ ပရိသတ်တွေ အများကြီးရှိတယ် "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now