Chapter 199+200

7.5K 1.2K 68
                                    

စိတ်ပေါ့သွားတဲ့ ကျန်းဟောင်တစ်ယောက် သက်မလေးတောင် ပြီးအောင်မချရသေးခင် ကြားလိုက်ရတဲ့ လိခေးစကားကြောင့် အဆုတ်ထဲလေတွေပြန်ဝင်ပြီး အသက်ရှူလမ်းကြောင်းတွေမှားကာ သေတောင်သေတော့မလို့ ။

ကုဖုန်း မေးလိုက်တယ် ။

" တကယ်လား "

" ငါက .......ငါ မူးနေတာ "

ကျန်းဟောင် ချောင်းတဟွတ်ဟွတ်ဆိုးကာ အသံတိမ်တိမ်လေးနဲ့ ရှက်ကိုးရှက်ကန်းဖြစ်နေတာကိုလည်း ဖုန်းကွယ်ရင်း ဆက်ပြောတယ် ။

" သူ နဲ့ ငါက သူငယ်ချင်းအရင်းကြီးတွေ..ငါက ပေါ်ယွင့်ကို လာကြည့်ရုံလေးပဲ ..တခြား ဘာသဘောမှမပါဘူး "

ထို့နောက် သူ့လက်ကိုဆန့်ပြီး  လိခေးတင်ပါး‌ကို ရိုက်လိုက်တယ် ။ သူက အနည်းငယ်အပြစ်တင်တဲ့သဘောနဲ့ ပြုမူလိုက်တာပဲ ။

ဒါပေမယ့် လိခေးက ထခုန်ပြီး အမွေးတဖွားဖွား အမြီးတထောင်ထောင်နဲ့ ကြောင်လေးတစ်ကောင်လို ရန်စွယ်ငေါငေါ တုံ့ပြန်မယ်လို့ ဘယ်သူသိမှာလဲ ။

" ငါပြောထားတယ်လေ ..ငါ့တင်ပါးကို လာမရိုက်နဲ့လို့ ..အဲ့လိုလုပ်နေတာတွေ ဘယ်တော့ရပ်မှာလဲ ..ငါ့ သောက်တင်ပါးက နာနေတုန်းလို့ မင်း ............."

ကျန်းဟောင်ကြောင့် သူ့မျက်နှာသေးသေးလေး အရမ်းတွေ မည်းပုပ်သွားပြီး အခိုက်အတန့်အားဖြင့် ဘာဆိုဘာမှမမြင်တော့ဘဲ ပြောချပစ်လိုက်ရော ။

ကုဖုန်းက ကြည်လင်တဲ့အကြည့်နဲ့ ကျန်းဟောင်ကို တစ်ချက်ကြည့်ပြီး ကျောခိုင်းကာ အဆောင်ထဲဝင်သွားလေတယ် ။

ကျန်းဟောင်က ကုဖုန်းပုံရိပ်ပျောက်ကွယ်သွားတော့မှ လိခေးကော်လာကိုဆွဲကာ ဒေါသတကြီး ပြောတော့တယ် ။

" မင်း နဲ့ ငါ့ကြားမှာ ဘယ်တုန်းကများ အဲ့လို ဆက်ဆံရေးမျိုး ရှိဖူးလို့လဲ ..ငါက ကွေးနေတယ်ဆိုရင်တောင်မှ မင်းက ငါ့ရဲ့ သောက်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးလေ ..ငါ မင်းကို သဘောကျလို့ရမတဲ့လား "

လိခေးမျက်လုံးတွေ ပြူးကျယ်သွားတယ် ။

" ငါ သူ့ကို မရှင်းပြဘဲ နေနေလို့လား "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now