Chapter 216+217+218(U)

5.3K 852 42
                                    

အဘိုးလုရဲ့စကား အဆုံးမသတ်ခင်မှာ လုယမ်က ဝုန်းခနဲထရပ်ပြီး အရူးတစ်ယောက်လို ဘေးနားက သစ်သားကုလားထိုင်ကို ဆွဲယူလိုက်တယ် ။ ရူးရူးနှမ်းနှမ်းနဲ့ ကြီးမားလေးလံတဲ့ အဲ့ဒီသစ်သားခုံကိုကိုင်မြှောက်ပြီး ခုချက်ချင်းပဲ အဘိုးလုကို ပြေးရိုက်တော့မတတ် ဖြစ်နေတယ် ။

လုယမ်က လုံးဝကို အထိန်းအကွပ်လွတ်နေပြီ ။ မုန်ယိုနေတဲ့ ဆင်တစ်ကောင်လိုပဲ ။ အဘိုးလုကို မာန်ဖီဟိန်းဟောက်ပြီး
" အဘိုးကြီး ! ဘာလို့လဲ ?! ဘာလို့ အရာရာတိုင်းလုရန်းလဲ ?! ဘာလို့ ကျွန်ဝောာ် မဟုတ်ရတာလဲ ?! ဘာလို့လဲ ?! သူကပဲ ခင်ဗျားရဲ့မြေးလား ?! ကျွန်တော့်အမေကရော လုမိသားစုက မဟုတ်လို့လား ?! ခွေးL33တွေ ! အားလုံးခွေးL33တွေပဲ ! အားလုံးသေကြ ! အကုန်လုံးသေကြ !"

" အရူးပဲ .. အရူး !"

ရုတ်တရက် လူတစ်ယောက်က အလျင်စလိုပဲ လုယမ်ကို ဆွဲချုပ်လိုက်တယ် ။ သူက အင်အားတစ်ခုတည်းနဲ့ လုယမ်ကို ဟန့်တားနိုင်ခဲ့တယ် ။

လုရန် ထိတ်လန့်နေရာမှ နိုးထလာချိန်မှာ အရေးပေါ်ကားတစ်စီး လမ်းမပေါ်ရပ်နေတာကို သတိထားမိတယ် ။ ကြောင်အမ်းနေတဲ့ အဘိုးလုက ကားထဲမှာ လဲလျောင်းနေတယ် ။ လုရန်းက ခုချိန်ထိ မယုံနိုင်ဖြစ်နေသေးတဲ့ လုရန်ကို ကားထဲထည့်ပြီး အရေးပေါ်ကားနောက်ကနေ မောင်းလိုက်သွားရန်ပြင်သည် ။

" မယုံနိုင်အောင်ပဲ .. သူဘယ်လိုဖြစ်ပြီး ချက်ချင်းကြီး ......"

လုရန်က မျက်လုံးအပြူးသားနဲ့ လုရန်းလက်မောင်းကို ဆုပ်ကိုင်ကာ မေးတယ် ။

လုရန်း ခဏတိတ်သွားပြီး ဆိုတယ် ။

" အရင်က လုယမ်မှာ စိတ်ရောဂါတစ်ခုရှိတယ် .. အဲ့ဒီတုန်းက သူ အရမ်းစိတ်တွေကြွပြီး ထဖောက်တာ .. မရပ်မနားစကားတွေ ပြောတယ် .. တစ်ညတည်း တစ်ချိန်တည်းမှာ မိန်းမခြောက်ယောက်နဲ့ အိပ်တယ် .. အဲ့ဒီနောက်မှ သူ့အမေက သူ့ကို ဆေးရုံခေါ်သွားခဲ့တာ .. သူက အရူးတစ်ပိုင်းပဲ "

လုရန် ရှော့ခ်ရနေတုန်း ။

" သူက အချိန်အကြာကြီး ကုသမှုခံယူခဲ့ရတယ် .. နောက်ပိုင်းမှ စိတ်တည်ငြိမ်သွားတာ "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now