Chapter 205+206

8.2K 1.2K 101
                                    

အမျိုးသားသရုပ်ဆောင်က ကုဖုန်းရှေ့လျှောက်လာပြီး ခါးညွှတ်ကာ တောင်းပန်လိုက်တယ် ။

" ဥက္ကဌ ကု , မဆင်မခြင်လုပ်ခဲ့မိတာ ကျွန်တော်ပါ ..တောင်းပန်ပါတယ် "

ကုဖုန်း စကားမပြောသေးဘူး ။ ယုပေါ်ယွင်က ထိုလူ့အသံကြားတော့ မျက်ခုံးလေး ပင့်သွားတယ် ။

" ဟာ့ ! ဒီအသံကို တစ်နေရာရာမှာ ကြားဖူးနေတယ် "

" သူ့နာမည်က ချန်းယုပါ .. သခင်လေး ယု မှတ်မိနေလားတော့ ကျွန်တော် မသိဘူး "

ထိုလူ့ဘေးမှ ဥက္ကဌကောင်းက အလွန်အမင်းမြှောက်ပင့်ကာ ပြောလိုက်တယ် ။

" သူက ခုလတ်တလောမှာ ရေပန်းစားလာတာလေ ..TV series တွေမှာ မပါမဖြစ်ပေါ့ .. သခင်လေး ယု TV ကြည့်တယ်မဟုတ်လား "

သူ့စကားကြားတော့ ကုဖုန်းက သူ့ထံ အကြည့်စူးစူးတွေ ပစ်လွှတ်လိုက်တယ် ။

ခုတလောမှာ ပေါ်ယွင်က ဘယ်သူ့ကိုမှ မမြင်နိုင်ဘူးလေ ။

ဒီ အနှောင့်အယှက်ပေးတဲ့ဟာတွေကတော့ !

ဥက္ကဌကောင်းဆိုတဲ့ အမှိုက်လိုလူ , သူ ဒီလိုပြောလိုက်ရင် ယုပေါ်ယွင်ကို စိတ်မချမ်းမသာဖြစ်စေမှာ မသိဘူးလား ။

ယုပေါ်ယွင်က အသေအချာ စဉ်းစားနေတယ် ။ ဆေးရုံမှာတုန်းက အဲ့ဒီ TV series ကိုမတော်တဆ ဖွင့်လိုက်မိတာ ဖြစ်နိုင်တယ် ။

သူ့ စိတ်ခံစားချက်က ပေါ့ပေါ့ပါးပါးရှိနေချိန်ဖြစ်တာကြောင့် ပြုံးကာ ဆိုတယ် ။

" နာမည်ကျော်‌တစ်ယောက်နဲ့ ရှားရှားပါးပါး တွေ့ဆုံရတာပဲ ..ကျွန်တော့်ကို လတ်မှတ်လေးထိုးပေးလို့ရမလား "

အမျိုးသားသရုပ်ဆောင်က မူလက ကုဖုန်းကျေနပ်အောင် တောင်းပန်ဖို့လာခဲ့တာ ။ သူက ကုဖုန်း ၊ ယုပေါ်ယွင်တို့နဲ့ ထိပ်တိုက်မတွေ့ရဲဘူး ။ သူက မှားခဲ့သူမို့ ဘယ်လို ငြင်းဆန်ရဲပါ့မလဲ ။

ယုပေါ်ယွင်က ဘာရယ်မဟုတ် ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တာပါ ။

ချန်းယုက လျင်မြန်စွာ ရှေ့တိုးလာပြီး

" ဒါပေါ့ ..ကျွန်တော့်မှာ လတ်မှတ်ထိုးဖို့အဆင်ပြေမယ့် မှတ်စုစာအုပ်အသေးလေးပါတယ် ..ကျွန်တော် ခင်ဗျားအတွက် လတ်မှတ်ထိုးပေးမယ်နော် "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now