Chapter 194

6.9K 1.2K 78
                                    

တောင်ပေါ်မှာ လေတိုက်ခတ်နှုန်းက အရမ်းကြမ်းတယ် ။

ကုဖုန်း ကုတ်အင်္ကျီကိုချွတ်ပြီး ဆိုလိုက်တယ် ။

" တောင်ပေါ်လေက အတော်အေးတာ ..လာ ဒါလေး ဝတ်ထား "
အပြောနဲ့အတူ လက်ပါအသုံးပြုပြီး ယုပေါ်ယွင်တစ်ကိုယ်လုံးကို ကုတ်အင်္ကျီနဲ့ ထုပ်လိုက်တယ် ။

ယုပေါ်ယွင်က မျက်လုံးမှိတ်ထားပြီး လေတိုက်ခတ်သံတဝုန်းဝုန်းကို အထိမခံနိုင်တဲ့ သူ့ရဲ့နားတွေနဲ့ နားထောင်ရင်း ဆိုလေတယ် ။

" မိုးလင်းသွားပြီပဲ "

"ဟုတ်ပါတယ်ဗျာ "

ကုဖုန်း ခေါင်းညိတ်လျက် ။

"  ပြန်ချင်ပြီလား "

" ကျွန်တော့်မျက်လုံးက ပြတ်ပြတ်ထင်ထင်မမြင်ရပေမယ့် ရောင်နီကိုတော့ ခံစားလို့ရတယ် "

ယုပေါ်ယွင် စကားရပ်ပြီး

" ကျွန်ဝောာ် စိတ်ကျေနပ်သွားပါပြီ .. ခင်ဗျားကို ကျေးဇူးတင်ပါတယ် "

ယုပေါ်ယွင်လက်ကိုဆုပ်ကိုင်ထားတဲ့ ကုဖုန်းလက်က ခေတ္တမျှ တောင့်ခဲသွားတယ် ။ ထို့နောက် ခါးသက်သက်ပြုံးကာ

" ကိုယ့်ကို ဘာကြောင့် ယဉ်ကျေးနေရတာလဲ "

ယုပေါ်ယွင် ပြန်မဖြေခဲ့ဘူး ။

" မင်းအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ် "

ကုဖုန်းက အလွန်တရာစိတ်ထိခိုက်နေတဲ့မျက်လုံးတွေနဲ့ ပြောပြီး ယုပေါ်ယွင်ပါးလေးကို ဖွဖွလေးပုတ်လိုက်တယ် ။ သူ့အတွက်တန်ဖိုးဖြတ်မရတဲ့ ရတနာလေး ။ အဖိုးအနဂ္ဃထိုက်လွန်းလှတဲ့ သူ့ပေါင်ပေ့လေး ။ တစ်ကမ္ဘာလုံးမှာ သူ အလိုရှိဆုံး ကလေးလေး ။

" မင်းက ကိုယ်တို့သားလေးရဲ့ ဖခင်တစ်ယောက်ဖြစ်ရုံတင်မကဘူး  ကိုယ့်ရဲ့ အသည်းအသက်လေး ၊ ကိုယ့်ချစ်သူလေးလည်းဖြစ်တယ် .. မင်း ကိုယ့်ကို လုံးလုံးလျားလျား ခွင့်မလွှတ်နိုင်သေးတာလည်း ကိုယ်သိပါတယ် ..
ဒါပေမယ့် ကိုယ် ကြိုးစားမယ် .. မလျော့သော ဇွဲနဲ့ ကြိုးစားမယ် ..မင်း ကိုယ့်ကို အရင်လို ပြန်လက်ခံတဲ့နေ့အထိ ..ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ ကိုယ် လက်မလျော့ဘူး "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now