" ရှေ့ဆက်ရမယ့် မိနစ်တိုင်း စက္ကန့်တိုင်းမှာ မင်းကို တိုးတိုးပြီး ချစ်သွားမယ် .. အချိန်ကြာလို့ အချစ်လျော့သွားတာမျိုး လုံးဝ မဖြစ်စေရဘူး .. ယုံပါလို့ ကိုယ် မတောင်းဆိုပါဘူး .. အချိန်က သက်သေပြသွားမှာမို့ မင်းလေးက ကိုယ့်ကို စောင့်နေပေးရုံပါပဲ "

" ကျွန်တော် စောင့်နေပါ့မယ် "

ယုပေါ်ယွင်အပြုံးလေးက နူးညံ့ချိုမြလို့ ။

ချစ်ခြင်းတရားရဲ့ နွေးထွေးမှုက အခန်းတစ်ခုလုံး ထုံမွှန်းနေလျက် ။ မီးလင်းဖိုမှ မီးတောက်မီးလျှံများရဲ့ တဖျစ်ဖျစ်မြည်သံကသာ တိတ်ဆိတ်အေးချမ်းလွန်းပါသော အခန်းလေးကို လွှမ်းခြုံလို့ ။ မှန်ပြတင်းအပြင်ဘက်မှာတော့ သိပ်သည်းလှတဲ့ နှင်းထုကြီး ကျဆင်းနေဆဲဖြစ်ပြီး ဝန်းကျင်တခိုမှာ အဖြူရောင် နှင်းကန့်လန့်ကာကြီး ပိတ်ချထားသည့်အလား ။

အေးချမ်းဆိတ်ငြိမ်ပြီး ရိုမန်တစ်ဆန်လွန်းကာ ဆွတ်ပျံ့ကြည်နူးဖွယ် ဒီအခိုက်အတန့်လေးမှာ ယုပေါ်ယွင်နဲ့ ကုဖုန်းတို့ အနမ်းဂဟေဆက်ကြပြန်တယ် ။

" လုပ်ချင်လား "
ကုဖုန်းက ယုပေါ်ယွင်ကို ငုံ့မိုးကြည့်ပြီး မေးတယ် ။

" နေက လုံးလုံးမဝင်ဘဲ အလင်းရောင်က အမြဲတမ်း ရှိနေတော့ ဘယ်အချိန်လဲတောင် ကျွန်တော် မမှန်းတတ်တော့ဘူး "

ကုဖုန်းက ရည်ရွယ်ချက်ရှိရှိနဲ့ ယုပေါ်ယွင်နားရွက်လေးထဲ လေပူတွေ မှုတ်ထုတ်ရင်း
" အခုက ....... အသင့်တော်ဆုံး အချိန်လေးပဲလေ ဘေဘီရယ် .. ကိုယ်တို့ လုပ်ကြရအောင်နော် "

" သား ရှိနေတယ်လေ "

ယုပေါ်ယွင်နားရွက်ဖျားလေးကိုကိုက်ပြီး ကုဖုန်း ဆိုတယ် ။

" တစ်ယောက်‌ယောက်ကို လာခေါ်ခိုင်းလိုက်မယ် .. Lab နဲ့ ကွန်ဒုံးကိုလည်း ကိုယ် ကြိုပြင်ခိုင်းပြီးသား .. အပေါ်ဆုံးထပ် , နူးအိနေတဲ့ ကော်ဇောနွေးနွေး , ကိုယ်တို့ရဲ့ မင်္ဂလာဦး , လုံးဝမှောင်မသွားတဲ့ အလင်းရောင်အောက်မှာ ကိုယ့်ရဲ့ နေမဝင်ချစ်ခြင်းတွေကို ခံစားကြည့်ပါလား ဘေဘီ "

ယုပေါ်ယွင်က ကုဖုန်းညီလေးကို ဖွဖွ ညှစ်လိုက်တယ် ။

" တစ်နေ့လုံး ခင်ဗျားခေါင်းထဲ ဒါပဲ တွေးနေတာလား "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now